Wednesday, March 27, 2019

ငလျင်ဒဏ်သင့်ခဲ့သော ပုဂံရှိ ပံ့သကူမဟာထေရ်ဘုရားဌာပနာပစ္စည်းများ ပြန်လည်ထည့်သွင်း


၂၀၁၆ က ငလျင်ဒဏ် သင့်ခဲ့သော ပုဂံရှိ ပံ့သကူမဟာ ထေရ်ဘုရားဌာပနာပစ္စည်းများ ကို ထိန်းသိမ်းထားရာမှ မတ်လ ၂၇ ရက်တွင် နိုင်ငံတော်သြဝါဒါ စရိယဆရာတော်ကြီးများအား ပင့်ဖိတ်၍ ဌာပနာပစ္စည်းများ ပြန် လည် ထည့်သွင်းခဲ့ကြောင်း ရှေး ဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံ) ရုံးခွဲမှ သတင်းရရှိသည်။ 
အဆိုပါဘုရား၏ ကွမ်း တောင်ပိုင်း ပျက်စီးမှုများ ပြုပြင် ထိန်းသိမ်းသည့်လုပ်ငန်းများကို ၂၀၁၈ နိုဝင်ဘာတွင် စတင်ဆောင်ရွက်ပြီး ယခု ၂၀၁၉ မတ်လတွင် ပြီးစီးသဖြင့် ဌာပနာပစ္စည်းများ ပြန်လည်ထည့်သွင်းရန် နိုင်ငံတော် သြဝါဒါစရိယဆရာတော် (ရုပ်စုံ ကျောင်း)၊ မြို့နယ်သြဝါဒါစရိယ ဆရာတော် (ရွှေစေတီကျောင်း)၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာ တော်နှင့် စူဠာမဏိကျောင်းဆရာ တော်တို့အား ပင့်ဖိတ်၍ ဆောင် ရွက်ခဲ့သည်။ 

ပံ့သကူမဟာထေရ်ဘုရား သည် ၁၉၇၅ က ငလျင်လှုပ်ရာ တွင်လည်း ကွမ်းတောင်ပိုင်းပြိုကျ ပျက်စီးဖူးပြီး ၁၉၉၆ ခန့်တွင် စင်ကာပူရွှေကျောင်းဆရာတော်က ပြုပြင်ထိန်းသိမ်းခဲ့သည့် ဘုရားဖြစ်ကြောင်း ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာန(ပုဂံ)ရုံးခွဲ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ဆို သည်။ 

‘‘၂၀၁၆ ငလျင်လှုပ်တော့ အဲဒါပြန်ပြိုကျတဲ့အခါမှာ ဌာပနာ ပစ္စည်းတွေလည်း ပါတယ်။ ၁၉၉၆ဝန်းကျင်လောက် အသစ်ပြန်လုပ် ခဲ့တုန်းက ထည့်ခဲ့တဲ့ ဌာပနာတွေ ကိုပဲ တွေ့ရပါတယ်။ ပုဂံခေတ်က ဌာပနာတွေပုံစံမျိုးတော့ မတွေ့ရ ပါဘူး’’ဟု ဦးအောင်အောင်ကျော် က ပြောသည်။ 

ပြန်လည်ထည့်သွင်းခဲ့သည့် ဌာပနာပစ္စည်းများမှာ ဓာတ်တော် ဟု ယူဆရသည့် ပစ္စည်းများ၊ ကိုး လုံးပုတီး၊ ၁၂ လုံးပုတီးများနှင့် လက်ဝတ်လက်စားပစ္စည်းများ ပါဝင်ကြောင်း​ ၎င်းက ပြောသည်။

7Day

No comments:

Post a Comment