Monday, March 25, 2019

မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး ရန်ကုန်မြို့လယ်တွင် ဆန္ဒထုတ်ဖော် ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူတစ်ဦး ဖမ်းဆီးခံရ၊ ဝရမ်းထုတ်ထားသူဖြစ်၍ ဖမ်းဆီးဟု ရဲတပ်ဖွဲ့ပြော


မြစ်ဆုံစီမံကိန်းအပြီး တိုင် ဖျက်သိမ်းရေး ဆန္ဒပြတောင်းဆိုမှုကို တက်ကြွလှုပ်ရှားသူ ၅၀ ဦးခန့်က ယမန်နေ့တွင် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့၌ ပြုလုပ်ခဲ့သည်။ 
ဆန္ဒပြသူများက ‘မြစ်ဆုံစီမံ ကိန်းအပြီးတိုင် ဖျက်သိမ်းရေး’ စာ သားများရေးထားသော ဗီနိုင်းများကိုင်ဆောင်ဆန္ဒပြခဲ့သည်။ 

‘‘တိုင်းပြည်က စီးပွားရေး ကျဆင်းနေရတဲ့ ကြားထဲမှာ ပြည် တွင်းစစ်ကလည်း မငြိမ်းမချမ်း၊ တိုင်းပြည်အတွင်းမှာလည်း ဗရုတ်ဗရက်ဖြစ်နေတဲ့အချိန်၊ ၂၀၀၈ အခြေခံဥပဒေကြီးကလည်း ပြည် တွင်းရဲ့တိုးတက်မှုကို အနှောင့်အ ယှက်ဖြစ်နေတဲ့အချိန်မှာ အရေး တကာ့အရေးကြီးဆုံးဖြစ်တဲ့ မြစ် ဆုံဆည်စီမံကိန်းကြီးက ပေါ် ပေါက်လာတာဖြစ်ပါတယ်။ ဒါ ကြီးကို အရင်အစိုးရလက်ထက် က အစပြုခဲ့တာဖြစ်ပေမယ့် လက် ရှိတာဝန်ရှိနေတဲ့ ပြည်သူ့အစိုးရ အနေနဲ့ အပြတ်လုံးဝလက်မခံနိုင် ပါကြောင်း ကြေညာပေးနိုင်ဖို့အ တွက် ဆောင်ရွက်ခြင်း ဖြစ်ပါ တယ်’’ဟု ပြည်သူ့ပါတီ မန္တလေး တိုင်းဒုဥက္ကဋ္ဌ ဒေါက်တာအောင်စိုး မြင့်က မြစ်ဆုံဆန္ဒပြပွဲတွင် ဟော ပြောသည်။ 

မြစ်ဆုံစီမံကိန်း အပြီးတိုင် ဖျက်သိမ်းရေး ဧပြီ ၁ ရက်တွင် ညီလာခံပြုလုပ်မည်ဖြစ်ပြီး ယင်းအခမ်းအနားတွင် နိုင်ငံလုံးဆိုင်ရာ မြစ်ဆုံဖျက်သိမ်းရေးကွန်ရက် ဖွဲ့စည်းမည်ဖြစ်ကြောင်း ဆန္ဒပြသူများက ပြောသည်။ 

‘‘ဒေါ်အောင်ဆန်းစုကြည် အစိုးရအနေနဲ့ မေတ္တာရပ်ခံချင် တာက ရှင်းရှင်းလင်းလင်း ကျွန် တော်တို့ကို၊ ပြည်သူလူထုကို အသိပေးစေချင်တယ်။ အပြင်မှာ သတင်းတွေထွက်နေတယ်။ ဒေါ် အောင်ဆန်းစုကြည်က ဘေဂျင်း သွားမယ်၊ နှစ်ဆန်း ၁ ရက်နေ့မှာ မြစ်ဆုံကို အုတ်မြစ်ချမယ်။ ဒီသ တင်းတွေဟာ သူ့အတွက်လည်း ပြည်သူလူထုက နားလည်မှုလွဲနိုင် သလို ကျွန်တော်တို့ နိုင်ငံရေးအင် အားစုတွေကလည်း စိုးရိမ်မှု ပိုမိုမြင့်တက်စေတဲ့ အချက်ဖြစ်တယ်’’ ဟု ဆန္ဒပြရာတွင် ဦးဆောင်သူ ကိုမြတ်ကျော်က ပြောသည်။ 

ဆန္ဒပြမှုပြီးဆုံးချိန်တွင် ပူး ပေါင်းပါဝင်သူ ကိုရန်နိုင်အောင် ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ယမန်နေ့က မြစ်ဆုံအရေး ဆန္ဒပြပွဲတွင် ရဲတပ်ဖွဲ့ဝင်အင်အား ၅၀ ကျော် အသုံးပြု၍ လုံခြုံရေး ယူစောင့်ကြည့်ခဲ့သည်။ 

‘‘ကိုရန်နိုင်အောင်ကို ဖမ်း ဆီးတာက ဖျာပုံမြို့မှာ ဝရမ်းရှိနေ လို့ ဖမ်းဆီးတာလို့ ပြောတယ်။ ဒါပေမဲ့ မြစ်ဆုံဆန္ဒပြပွဲမှာ လာဖမ်းတာပေါ့ဗျာ’’ဟု ကိုမြတ်ကျော်က ပြောသည်။ ၎င်းကို ဖမ်းဆီးမှုသည် မြစ်ဆုံအရေး ဆန္ဒပြမှုနှင့် လုံးဝ မသက်ဆိုင်ကြောင်း အနောက် ပိုင်းခရိုင်ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် မတ်လ ၁၄ ရက် ပြည်မြို့ လူထုတွေ့ဆုံပွဲတွင် မြစ်ဆုံစီမံ ကိန်းအပါအဝင် ကြီးကျယ်သည့် စီမံကိန်းများကို အစိုးရက တာဝန် သိသိဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ဆုံးဖြတ်ချက်ချပါက မည်သည့် အတွက်ကြောင့် ဖြစ်သည်ကို အများပြည်သူသိရှိစေရန် ရှင်းလင်း မည်ဟု ပြောကြားခဲ့သည်။ 

ထိုသို့ ပြောကြားမှုနှင့်ပတ် သက်ပြီး မြစ်ဆုံစီမံကိန်း ပြန်လည် လုပ်ဆောင်လာမည့် အရေးအ ပေါ် ပြည်သူများက စိုးရိမ်နေ သည်။ မြစ်ဆုံစီမံကိန်းနှင့် ပတ် သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း ကြေညာ ချက်ထုတ်ပြန်သဖြင့် စီမံကိန်း ပြန်လည်စတင်မည့်အရေး စိုးရိမ်ပူပန်မှုများရှိလာခြင်းဖြစ်သည်။ 

ထို့ကြောင့် မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းတည်ဆောက် ခြင်းအပေါ် ကန့်ကွက်ဆန္ဒပြပွဲကို ဇန်နဝါရီတွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ပြီး အခြားနေရာ အနှံ့အပြား ၌လည်း ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်ထားသည်။

7Day

No comments:

Post a Comment