Thursday, April 4, 2019

မန်ယူကွင်းလယ်လူ ပေါ့ဂ်ဘာ စာချုပ်သစ်တွင် လုပ်ခ ပေါင် ၅ သိန်းရရန် မျှော်လင့်


မန်ချက်စတာယူနိုက်တက်အသင်း ကွင်းလယ်လူ ပေါ့ဂ်ဘာက စာချုပ်သက်တမ်းတိုးဖို့ အဆင်သင့်ဖြစ်နေပေမယ့် ကစားသမားဘက်က တပတ်ကို လုပ်ခလစာ ပေါင် ၅ သိန်းအထိရဖို့ မျှော်လင့်နေပါတယ်။ 
အသက် ၂၆ နှစ်အရွယ် ပေါ့ဂ်ဘာက အသင်းရဲ့ လုပ်ခလစာ အမြင့်ဆုံး ကစားသမားအဖြစ် ရပ်တည်လိုနေတာပါ။ သူဟာ လက်ရှိမှာ တပတ်လုပ်ခ ပေါင် ၃ သိန်း ဝင်ငွေရှိပါတယ်။ 

လတ်တလောမှာ သူ့ကို စပိန်ကလပ် ရီးရဲလ်မက်ဒရစ်က ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ 

မန်ယူနည်းပြ ဆိုးလ်ရှားလ်ကတော့ ပေါ့ဂ်ဘာဟာ အသင်းရဲ့ အဓိက ကစားသမားအဖြစ် ကာလကြာရှည် ဆက်ရှိနေဖို့ မျှော်လင့်ထားပါတယ်။ 

ပြင်သစ်ကွင်းလယ်ကစားသမားရဲ့ လက်ရှိ စာချုပ်သက်တမ်းဟာ ၂ နှစ် ကျန်နေပေမယ့် အသင်းက နောက်ထပ် ၁ နှစ်ထပ်တိုးဖို့ အခွင့်အရေး ရှိနေပါတယ်။

DVB

0 comments:

Post a Comment