ကျင်းပပြီးစီးခဲ့သော ရန်ကုန်စည်ပင် ရွေးကောက်ပွဲ ကော်မတီအဆင့်ဆင့် ရွေး ကောက်ပွဲအရှုံးသည် ပါတီနှင့် မ သက်ဆိုင်ဘဲ ရွေးချယ်သူများခံရ မည့်ကိစ္စသာဖြစ်သည်ဟု ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်း ထွန်းဦးကပြောသည်။
‘‘သူတို့တွေသမိုင်း သူတို့ရွေး ကြမှာပဲ။ ဒီဟာက ရှုံးတာ၊နိုင်တာ က တို့ပါတီမခံရပါဘူး။ ပြည်သူ ပဲ ခံရမှာပါ’’ ဟု ၎င်းကဆိုသည်။
ပြည်ခိုင်ဖြိုးကိုယ်စားလှယ် လောင်းများသည် ရပ်ကျေးအ ဆင့် မဲရုံအချို့တွင် အနိုင်ရမှုရှိ သော်လည်း မြို့နယ်အဆင့်၊ မြို့ တော်အဆင့်စုစုပေါင်း မဲရလဒ် တွင် အသာရခြင်းမရှိတော့ ကြောင်း ရန်ကုန်မြို့တော်စည်ပင် ရွေးကောက်ပွဲကော်မရှင် ထုတ် ပြန်ချက်များက ပြဆိုသည်။
‘‘ပြည်သူက သူတို့(ဒီချုပ်) အပေါ်မှာ ယုံကြည်မှုမကုန်သေး ဘူးဆိုရမလိုပေါ့’’ ဟု ဦးသိန်းထွန်း ဦးက သုံးသပ်သည်။
မတ်လ ၃၁ ရက်က ပြုလုပ် သည့် ရန်ကုန်စည်ပင်ရွေးကောက် ပွဲတွင် လူဦးရေအခြေခံ၍ မြို့နယ် များကို မဲဆန္ဒနယ်အုပ်စုခြောက်ခု ခွဲကာ မဲပေးရသော မြို့တော် ကော်မတီဝင်အတွက် ခြောက်ဦး၊ သက်ဆိုင်ရာမြို့နယ် ကော်မတီ အတွက် ဥက္ကဋ္ဌ၊ အဖွဲ့ဝင် (၁) နှင့် (၂) တို့ကို ရန်ကုန်မြို့နေ ပြည်သူ တို့က မဲပေးရွေးချယ်ရခြင်းဖြစ် သည်။
အဆိုပါရွေးကောက်ပွဲတွင် ဒီချုပ်ကိုယ်စားလှယ် ၉၀ ဦး ဝင် ရောက်ယှဉ်ပြိုင်ရာ ၈၉ ဦး အနိုင် ရရှိပြီး ၂၃ ဦးဝင်ပြိုင်သည့် ပြည် ခိုင်ဖြိုးပါတီသည် တစ်နေရာမျှ အနိုင်ရခြင်းမရှိပေ။ ဒီချုပ် ဝင်မ ပြိုင်သည့် မြောက်ဥက္ကလာပမြို့ နယ် စည်ပင်အဖွဲ့ဝင် (၂) နေရာ တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ် တစ်ဦးကို အနိုင်မရခဲ့ပေ။
‘‘ကျွန်တော်တို့ဘက်က ရှစ် နေရာ (မဲရုံအချို့) ရတယ်ပေါ့ နော်။ မြို့နယ်အားဖြင့် ရှစ်မြို့နယ် ပေါ့နော်။ သို့သော်လည်း တခြား မြို့နယ်များနဲ့ ပေါင်းလိုက်တဲ့အ တွက် အနိုင်ရလဒ်မရှိတာလည်း ပါတာပေါ့’’ ဟု ဦးသိန်းထွန်းဦးက ဆိုသည်။
ရန်ကုန်မြို့တော် စည်ပင် ရွေးကောက်ပွဲတွင် အများစုအနိုင် ရသည့် ဒီချုပ်အပါအဝင် တစ်သီး ပုဂ္ဂလအဖြစ် ဝင်ပြိုင်သူများထဲမှ မြို့နယ်စည်ပင်ဥက္ကဋ္ဌနေရာတွင် တစ်ဦးနှင့်မြို့ နယ်စည်ပင်အဖွဲ့ ဝင်နေရာများ၌ ၁၅ ဦး အနိုင်ရရှိခဲ့ သည်။
7Day







0 comments:
Post a Comment