Thursday, April 4, 2019

ကုလအထွေထွေအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေးယန္တရားခေါင်းဆောင်ကို ခန့်အပ်ကြောင်းကြေညာ

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာအန်တိုနီယိုဂူတာရက်စ်သည် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သည့် စုံစမ် စစ်ဆေးရေးယန္တရား ခေါင်း ဆောင်အဖြစ် အမေရိကန်နိုင်ငံ သား နီကိုးလပ်စ်ကုမ်ဂျီအန်ကို ခန့်အပ်ကြောင်း ဧပြီ ၂ ရက်တွင် ထုတ်ပြန်သည်။ 
မြန်မာအစိုးရက အဆိုပါ လွတ်လပ်သည့် စုံစမ်းစစ်ဆေး ရေးယန္တရား (IIM-Independent Investigative Mechanism) ကို ပြင်းထန်စွာ ပယ်ချသော်လည်း ယန္တရားကို ၂၀၁၈ စက်တင်ဘာ ၂၇ ရက်တွင် ကုလလူ့အခွင့်အ ရေးကောင်စီက စတင်ဖွဲ့စည်းပြီး ၂၀၁၈ ဒီဇင်ဘာ ၂၂ ရက်တွင် ကုလအထွေထွေညီလာခံက ထောက်ခံကြိုဆိုသည်။ 

‘‘ကျွန်တော်တို့က ဒီယန္တရားကို စဖွဲ့ကတည်းက လက်မခံခဲ့ဘူး။ ဒါကြောင့် ပူးပေါင်းစရာအ ကြောင်းလည်း မရှိပါဘူး’’ဟု နိုင် ငံခြားရေးဝန်ကြီးဌာန၊ အပြည် ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးချမ်းအေးက ပြော သည်။ 

လွတ်လပ်သည့် စုံစမ်းစစ် ဆေးရေးယန္တရား၏ပထမဆုံး ခေါင်းဆောင်ခန့်အပ်ခြင်းနှင့်ပတ်သက်၍ ကုလသမဂ္ဂက မြန်မာ အစိုးရကို ယမန်နေ့ (ဧပြီ ၃ ရက်) အထိ တရားဝင်အကြောင်းကြား ခြင်းမရှိသေးကြောင်းနှင့် ၎င်းတို့ ဆွဲထားသည့် လမ်းကြောင်းအ တိုင်း သွားနေခြင်းဖြစ်ကြောင်း အထက်ပါညွှန်ကြားရေးမှူးချုပ် က ရှင်းပြသည်။ 

နီကိုးလပ်စ်ကုမ်ဂျီအန်သည် နိုင်ငံတကာ ရာဇဝတ်မှု တရားမျှ တရေးနယ်ပယ်တွင် နှစ်၂၀ ခန့်အပါအဝင် ရှေ့နေအဖြစ် ၃၅ နှစ်ကျော် အတွေ့အကြုံရှိထားခြင်းကြောင့် အထက်ပါယန္တရား၏ ခေါင်းဆောင်အဖြစ် ခန့်အပ်ခံရ ခြင်းဖြစ်ကြောင်း ကုလအထွေ ထွေအတွင်းရေးမှူးချုပ်ရုံး ထုတ် ပြန်ချက်၌ ဖော်ပြသည်။ ၎င်းသည် ကမ္ဘောဒီးယား၊ ယူဂိုဆလားဗီး ယား၊ ဆီရီာယာလီယွန်တို့၏တရားရုံးများတွင် ထိပ်တန်းအကြီးအကဲတာဝန်များ ထမ်းဆောင်ခဲ့ပြီး နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် အကူးအပြောင်းကာလ တရားမျှတမှုနယ်ပယ်တို့တွင် ပညာရှင်ပီ သသော အတွေ့အကြုံများရှိ သည်ဟု ဆက်လက်ဖော်ပြသည်။

7Day

0 comments:

Post a Comment