တီဗွီရုပ်သံဇာတ်လမ်းတွဲတွေမှာ လူသိများနေတဲ့ သရုပ်ဆောင်မင်းသမီး ခြူးလေးရဲ့ သင်္ကြန်အလှဓာတ်ပုံတွေကို သူ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်က တဆင့် မျှဝေထားပါတယ်။
လှပတဲ့ ထက်အောက်ဆင်တူ အ၀ါရောင်တောက်တောက် မြန်မာဝတ်စုံနဲ့ လှပတဲ့ ပုံရိပ်တွေထဲမှာတော့ ပိတောက်ပန်းတွေနဲ့ အလှချင်းပြိုင်နေတဲ့ ဟန်ပန်အမူအရာတွေနဲ့ တမူထူးခြားစွာ တွေ့မြင်ကြရမှာပါ။
ဒီဓာတ်ပုံတွေကိုတော့ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းရဲ့ မျက်နှာဖုံးအတွက် ရိုက်ကူးခဲ့တာဖြစ်ပြီး ဓာတ်ပုံ Minko MK က ရိုက်ကူးပေးထားတာပါ။
ဓာတ်ပုံတွေရဲ့ အညွှန်းမှာတော့ ခြူးလေးက “နှစ်သစ်မှာ ချစ်ရတဲ့ ဝီဝီလေးများ ….”လိုတရ” ဆု ကို ပိုင်ဆိုင်နိုင်ကြပါစေလို့”လို့ ဆုတောင်းစကားပြောကြားထားပါတယ်။
ခြူးလေးဟာ MRTV-4 က ထုတ်လွှင့်တဲ့ ရုပ်သံဇာတ်လမ်းတွဲတော်တော်များများမှာ ပါဝင်သရုပ်ဆောင်နေပြီး မနှစ်က ရုံတင်ပြသခဲ့တဲ့ မိုးပန်းပွင့်ရဲ့ သင်္ကေတရုပ်ရှင်ကားနဲ့ ပရိသတ် သတိပြုမိခဲ့တဲ့ သရုပ်ဆောင်တယောက် ဖြစ်ပါတယ်။
Credit- Chue Chue
ရုပ်ရှင်တေးကဗျာ Magazine Cover
MUA – Yuzana Tun
Photo – MinKo MK
Stylelist – Lwin Khant Maung
DVB
















0 comments:
Post a Comment