မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌအဖြစ် အမေရိကန်နိုင်ငံက အစိုးရရှေ့နေတစ်ဦးဖြစ်တဲ့ Nicholas Koumjian ဆိုသူကို ကုလသမဂ္ဂအတွင်းအရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် က ခန့်အပ်လိုက်ကြောင်း ဧပြီ(၂)ရက်က ကြေညာလိုက်ပါတယ်။
Mr. Koumjian ဦးဆောင်မယ့်အဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်းမှာ ဘင်္ဂါလီလူမျိုး(မူရင်း-ရိုဟင်ဂျာ)တွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးသွားမှာ ဖြစ်တယ်လို့ NHK သတင်းဖော်ပြချက်အရ သိရပါတယ်။
Mr. Koumjian ဟာ အမေရိကန်အစိုးရရှေ့နေအဖြစ် (၃၅)နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး၊ နိုင်ငံတကာ ရာဇ၀တ်မှုဆိုင်ရာ တရားရေးနယ်ပယ်မှာလည်း အနှစ်(၂၀)လောက် အတွေ့အကြုံရှိထားသူတစ်ဦး ဖြစ်တယ်လို့သိရပါတယ်။
Mr.Koumjian ဟာ ကမ္ဘောဒီးယား၊ ယူဂိုဆလားဗီးယား၊ အရှေ့တီမော၊ ဘော့စနီးယားနဲ့ ဟာဇီဂိုးဗီးနားစတဲ့ နိုင်ငံတွေရဲ့ ရာဇ၀တ်မှုတွေနဲ့ပတ်သက်ပြီး ဖော်ထုတ်တဲ့ နေရာတွေမှာ အဓိကပါဝင်ခဲ့တဲ့ အမှုလိုက်ရှေ့နေတစ်ဦးလည်း ဖြစ်ပါတယ်။
ဒါ့အပြင် သူဟာ အမေရိကန်နိုင်ငံရဲ့ အစိုးရှေ့နေတစ်ဦးအဖြစ်လည်း တာဝန်ထမ်းဆောင်နေပြီး၊ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေနဲ့ တရားစီရင်ရေးနယ်ပယ်မှာ အတွေ့အကြုံများတဲ့ ပရော်ဖက်ရှင်နယ်တစ်ဦးဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ။
Translated By : Pyae Sone
Photo : Phnom Penh Post
One News Myanmar







0 comments:
Post a Comment