Thursday, April 4, 2019

ပြည်သူတစ်ဦးက ထမင်းငတ်သည်ပြော၍ စိတ်မချမ်းသာကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော၊ မြန်မာနိုင်ငံတွင် မည်သူမျှ ထမင်းမငတ်သင့်ဟုဆို

ပြည်သူတစ်ဦးက ထမင်းငတ်နေသည်ဟု ပြောသဖြင့် စိတ်မချမ်းသာကြောင်းနှင့် မြန်မာနိုင်ငံ၌ မည်သူမျှထမင်းမငတ်သင့်ကြောင်း နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ယမန်နေ့တွင် ပြောသည်။ 
မွန်ပြည်နယ်သို့ရောက်ရှိနေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်နယ်ခန်းမ၌ ပြည်သူလူထုနှင့်တွေ့ဆုံစဉ် ပြည်သူတစ်ဦးတည်း၏ အသံပင် ဖြစ်သော်လည်း အလေးထားကြောင်း ထည့်သွင်းပြော ကြားသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ယမန်နေ့ မွန်ပြည်နယ်ခရီးစဉ်အတွင်း ပြည်သူတစ်ဦးက ထမင်း ငတ်နေကြောင်း အော်ဟစ်တင်ပြခဲ့သည်။ 

‘‘ဘယ်သူမှ ဒီနိုင်ငံမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုပျက်ပြားနေတာမရှိသင့်ဘူး။ ထမင်းငတ်တယ်ဆိုတာ ရုပ်ပိုင်း ဆိုင်ရာ လုံခြုံမှုမရှိတာပဲ။ ကိုယ့် နိစ္စဓူဝစားမယ့် ထမင်းတစ်နပ်က ဘယ်ကလာမလဲဆိုတာကို ပူ ပင်သောကဖြစ်နေရတယ်ဆိုရင် ကျွန်မတို့နိုင်ငံဟာ တိုးတက်ဖွံ့ဖြိုး သင့်သလောက် တိုးတက်ဖွံ့ဖြိုးမှု မရှိဘူးဆိုတာ ဖော်ပြနေတာဖြစ် ပါတယ်’’ဟု ၎င်းက ဆိုသည်။ 

တိုင်းဒေသကြီးနှင့် ပြည်သူ များ ရင်ဆိုင်နေရသော ပြဿနာ သည် ဆင်တူယိုးမှားဖြစ်သော် လည်း ပြည်သူများ၏အသံကို နား ထောင်ခြင်း၊ ပြည်သူများနှင့် တိုက် ရိုက်မျက်နှာချင်းဆိုင်ဖြေရှင်းခွင့်ရခြင်းသည် အစိုးရအတွက် လွန်စွာ အကျိုးရှိသည်ဟု ယူဆကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။ 

မော်လမြိုင်မြို့ရှိ ပြည်နယ် ခန်းမ၌ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ပြည်သူလူထုတို့ ပထမ အကြိမ်တွေ့ဆုံခြင်းဖြစ်ပြီး ယင်း တွေ့ဆုံပွဲသို့ ပြည်သူနှစ်ထောင် ခန့် တက်ရောက်သည်။ 

ထို့အပြင် မွန်ပြည်နယ်အစိုး ရသည် လုပ်ဆောင်နိုင်သည့်ကိစ္စ ရပ်များကိုသာ လုပ်ဆောင်မည်ဟု ပြည်သူလူထုကို ကတိပေးရန်နှင့် မတည်နိုင်သည့် ကတိများမပေး ရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က တွေ့ဆုံပွဲ၌ သတိပေး သည်။ 

ပြည်သူများသည် ပြည်နယ် အစိုးရက ဖြေရှင်းနိုင်သည့်ကိစ္စ ရပ်များကို ပြည်နယ်အစိုးရကိုသာ တင်ပြရန်နှင့် ပြည်ထောင်စုအစိုးရ ကို တင်ပြပါက ထူးခြားလာမည်မ ဟုတ်ကြောင်း ဒေါ်အောင်ဆန်းစု ကြည်က တွေ့ဆုံပွဲ၌ ပြောကြား သော်လည်း ပြည်သူများက ပြည် နယ်အစိုးရကို တိုင်ကြားခြင်းက အလုပ်မဖြစ်ကြောင်း ပြောသည်။ 

‘‘ပြည်နယ်အစိုးရနဲ့ သက် ဆိုင်တဲ့ကိစ္စကို ပြည်နယ်အစိုးရကို တိုင်တယ်။ ဘာမှ မထူးဘူး။ နိုင်ငံ တော်သမ္မတ ခရီးစဉ်မှာလည်း တိုင်တယ်။ ဘာမှ မထူးဘူး။ အခု အမေစုရဲ့တွေ့ဆုံပွဲမှာစာနဲ့ တိုင် ကြားထားတယ်။ မြေယာပြဿနာပါပဲ’’ဟု ချောင်းဆုံမြို့နယ်မှ တိုင် ကြားသူတစ်ဦးက ပြောသည်။ 

လူထုတွေ့ဆုံပွဲတွင် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို တိုက်ရိုက်တင်ပြခွင့်ရရှိရေး တန်း စီရာတွင် နေရာမလုရန်နှင့် တိုက် ရိုက်တင်ပြသည်ဖြစ်စေ၊ စာဖြင့် ရေးသားတင်ပြသည်ဖြစ်စေ အကျိုးရလဒ်အတူတူပင် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။ 

‘‘လုတဲ့ကိစ္စတွေအားလုံးထဲ မှာ နေရာလုခြင်းဆိုတာ အဆိုးဆုံး ကိစ္စဖြစ်တယ်လို့ ကျွန်မအနေနဲ့သတိပေးပါရစေ’’ဟု ၎င်းက ဆို သည်။ 

သို့သော် တိုက်ရိုက်တင်ပြ ရန် သတ်မှတ်လူဦးရေပြည့်သဖြင့် တင်ပြရန် ကျန်ရှိနေသည့် ပြည်သူ အချို့ကို စာဖြင့် ရေးသားတင်ပြ ရန် ဒေါ်အောင်ဆန်းစုကြည်က ပြောချိန်တွင် ပြည်သူအချို့က အော်ဟစ်တိုင်ကြားခဲ့သည်။ 

နိုင်ငံအနှံ့အပြားတွင် လယ် ယာမြေပြဿနာများ ရှိနေကြောင်း နှင့် သိမ်းထားသူများက မစွန့်လွှတ် လိုသည့် အခက်အခဲ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အားနည်းချက်ကြောင့် အကောင်အထည်မဖော်နိုင်သည့် အခက်အခဲ၊ တောင်းယူသူအချင်း ချင်း ပဋိပက္ခဖြစ်သည့် အခက်အခဲနှင့် ပိုင်ဆိုင်မှုမရှိဘဲ တောင်းယူသည့် အခက်အခဲဟူသည့် အခက်အခဲလေးခု တွေ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။ 

‘‘တချို့က ပိုင်ဆိုင်မှုမရှိဘဲနဲ့ ရလိုရငြား တောင်းတာတွေ ပါ တယ်။ ဒါ ကျွန်မ အမှန်တိုင်း ပြော တာပါ။ အဲဒါလည်း မဖြစ်သင့်ပါ ဘူး။ ဒီလိုမလုပ်ကြပါနဲ့။ ကျွန်မတို့ ပြည်သူလူထုတွေအနေနဲ့ ဖြောင့် ဖြောင့်မတ်မတ် ကိုယ့်ရဲ့စီးပွားတိုး တက်ရေးကို ရှာစေချင်ပါတယ်’’ ဟု ၎င်းက တိုက်တွန်းသည်။ 

ပြည်သူတစ်ဦးက မမှန်မ ကန်၊ မရိုးမဖြောင့်ပြုလုပ်ခြင်း သည် တစ်နိုင်ငံလုံးကို ထိခိုက်ပြီး ယင်းစိတ်ဓာတ်မထားရှိရန် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လမ်းညွှန်သည်။ 

‘‘ငါ့တိုင်းပြည် ကောင်းစား တယ်ဆိုတာ ငါ ကောင်းစားတာပဲ။ ငါမကောင်းရင် ငါ့တိုင်းပြည် လည်း မကောင်းဘူးဆိုပြီး ဒီလိုစိတ်တွေ ထားစေချင်ပါတယ်။ ဒီလိုစိတ်တွေ ထားမှ ကျွန်မတို့ မြန်မြန်ဆန်ဆန် တိုးတက်မှာပါ’’ ဟု ၎င်းက ဆိုသည်။ 

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ချောင်း ဆုံရှိ ရွာလွတ်သို့ သွားရောက်၍ ဒေသခံများ၏လုပ်ငန်းခွင်များကို ကြည့်ရှုခြင်း၊ ဒေသခံများနှင့် တွေ့ဆုံအပြန်အလှန် စကားပြောခြင်း တို့ ပြုလုပ်သည်။ 

ဒေါ်အောင်ဆန်းစုကြည်က ဒေသခံများကို ကွမ်းမစားရန် မေတ္တာရပ်ခံပြီး ကွမ်းစားခြင်း သည် ငွေကုန်ခြင်း၊ အလှပျက်ခြင်း၊ ကျန်းမာရေးထိခိုက်ခြင်း စသည်ဖြင့် မည်သည့်အချက်မျှ မကောင်းကြောင်း ပြောသည်။ 

‘‘ဝန်ကြီးချုပ်က စပြီး ကွမ်း စားနေရင်တော့ ပြည်သူပြည်သား တွေနဲ့ပတ်သက်လို့တော့ သိပ်ပြီး တော့ ကောင်းတဲ့နမူနာပြနိုင်မှာ မဟုတ်ဘူး’’ ဟု နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ်က မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ကွမ်းစားခြင်းကို ထောက်ပြပြော ဆိုသည်။ 

ထို့အပြင် ဒေါ်အောင်ဆန်းစု ကြည်က လူငယ်များ ထိုင်း၊ မလေးရှားနိုင်ငံသို့ သွားရောက်ကာ အ လုပ်လုပ်ခြင်း များပြားသည်ကို သိရှိကြောင်းနှင့် ပြည်သူ၊ ပြည် သားများကို မြန်မာနိုင်ငံတွင်သာ အလုပ်လုပ်နိုင်သည့် အခြေအနေ ဖန်တီးပေးလိုကြောင်း ပြောသည်။ 

‘‘ဒါမှ မိသားစုတွေဟာ စုစု စည်းစည်းနဲ့ နီးနီးကပ်ကပ်နေနိုင် မှာ၊ ကျွန်မတို့ရဲ့ လူငယ်တွေ တခြားနိုင်ငံမှာ သွားပြီး အလုပ်ရှာရတယ် ဆိုတာ ဖြစ်သင့်၊ ဖြစ်ထိုက်တဲ့ကိစ္စ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မတို့လူ ငယ်တွေအားလုံးအတွက် အလုပ် တွေ လုံလုံလောက်လောက် ဖန် တီးပေးဖို့ဆိုတာလည်း နေ့ချင်း ညချင်းတော့ မဖြစ်နိုင်ဘူး။ ကျွန်မ တို့တစ်ချိန်လုံးပဲ ကြိုးစားပါတယ်။ ပြည်သူတွေကလည်း ဝိုင်းပြီး ကြိုး စားကြပါ။ သည်းခံသင့်တဲ့နေရာ သည်းခံပါ’’ဟု နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။

7Day

0 comments:

Post a Comment