ကွယ်လွန်သူ သရုပ်ဆောင် မင်းသွေး တည်ထားကိုးကွယ်ခဲ့တဲ့ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့၊ သံကျောက်တောင်က "မဟာဇေယျသိဒ္ဓိ မဟာမုနိရှင်တော်မြတ်ဘုရား"အနေကဇာတင် ဗုဒ္ဓပူဇနိယပွဲတော်ကို အစ်ကိုဖြစ်သူ ထပ်ဆင့်အကယ်ဒမီ နေတိုးက ဦးစီးပြီး ဒီကနေ့ မနက်ပိုင်းမှာ စတင်ကျင်းပနေတာဖြစ်ပါတယ်။
နေတိုးဟာ အဲဒီ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပဖို့အတွက် သူပြန်မရောက်တာ နှစ် ၂၀ကျော်ရှိပြီဖြစ်တဲ့ ဇာတိရပ်မြေကို မိသားစုနဲ့အတူ မနေ့က ရောက်ရှိခဲ့တာပါ။
ဇာတိရပ်မြေကို ရောက်ရှိနေကြတဲ့ နေတိုးတို့မိသားစုဟာ မာန်အောင်မြို့က မဟာထီး စေတီတော်၊ ရန်အောင်မြင် စေတီတော်၊ ဓာတ်တော်ဝန်း စေတီတော်တို့ကိုလဲ မိသားစုလိုက် မန့ညနေပိုင်းက သွားရောက် ဖူးမြော်ကြည်ညိုခဲ့ကြပါသေးတယ်။
ဗုဒ္ဓပူဇနိယပွဲတော်မှာ အနုပညာရှင်တွေရဲ့ ဖျော်ဖြေရေးအစီအစဉ်တွေလဲ ပါရှိမယ်လို့သိရပါတယ်။
Popular News Journal
















0 comments:
Post a Comment