ဧပြီ ၄ ရက်မှာ ထိုင်းနိုင်ငံ နရာသီဝတ်ခရိုင်က မလေးရှား-ထိုင်းနယ်စပ်ကတဆင့် လူမှောင်ခိုကူးခဲ့တဲ့ မြန်မာနိုင်ငံသားရွှေ့ပြောင်းအခြေချသူ ၂၄ ယောက်ကို ထိုင်းရဲတွေက ဖမ်းဆီးလိုက်ပါတယ်။
စစ်ဆေးရေးဂိတ်မှာ သံသယဖြစ်ဖွယ်ကားတစ်စီးကိုတွေ့ခဲ့ပြီး ကားထဲမှာ မိန်းမတစ်ယောက်အပါအ၀င် လူ ၁၅ ယောက်ကိုတွေ့ခဲ့တယ်လို့ ရဲဒုတိယဗိုလ်ချုပ်ကြီး ဆူချက် တီရာဆာဝတ်က ပြောပါတယ်။
ကားပေါ်မှာ ယာဉ်မောင်းနဲ့ရဲသတင်းပေးတစ်ယောက်အပါအ၀င် ရွှေ့ပြောင်းအခြေချသူတွေကို မှောင်ခိုပို့ရာမှာ ပါဝင်တယ်လို့ယူဆရတဲ့ ဒေသခံ ၂ ယောက်ကိုလည်း ဖမ်းမိခဲ့တယ်လို့ ပြောပါတယ်။
ရွှေ့ပြောင်းအခြေချသူတွေကိုလွှတ်ပေးဖို့ အဲဒီနှစ်ယောက်က ရဲတွေကို ဘတ် ၁ သိန်း လာဘ်ထိုးခဲ့တယ်လို့လည်း သိရပါတယ်။
အဲဒီနေရာကမဝေးတဲ့နေရာမှာ နောက်ထပ်စီးနင်းမှုထပ်လုပ်ခဲ့ပြီး မိန်းမ ၄ ယောက်အပါအ၀င် နောက်ထပ် မြန်မာနိုင်ငံသား ၉ ယောက်ကို ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတွေကအရင်တုန်းက အဲဒီလိုလူမှောင်ခိုပို့ပေးဖူးတယ်လို့ ၀န်ခံခဲ့ပြီး မလေးရှားကိုပို့ပေးဖို့ အသက် ၂၅ နဲ့ ၄၅ ကြားရှိတဲ့လူတွေက တစ်ယောက်ကို ဘတ် ၁၃၀၀ ပေးခဲ့ရတယ်လို့လည်း အတည်ပြုပါတယ်။
Source-The Sun Daily
#ဥက္ကာ
#TheFifthWaveNews
Photo- Assawin Pakkawan (Bangkok Post)







0 comments:
Post a Comment