Thursday, April 4, 2019

အလုံမြို့နယ်အတွင်းတည်ဆောက်မည့် LNG သုံး ဓာတ်အားပေး စက်ရုံစီမံကိန်းအတွက် ဓာတ်ငွေ့ပိုက်လိုင်း လမ်းကြောင်း အတည်ပြုနိုင်ရေးဆွေးနွေး


ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်အတွင်းတည်ဆောက်မည့် LNG သုံး ဓာတ်အားပေး စက်ရုံစီမံကိန်းအတွက် ဓာတ်ငွေ့ပိုက်လိုင်း လမ်းကြောင်း အတည်ပြုနိုင်ရေးကို ဧပြီ ၄ ရက်က ဆွေးနွေးခဲ့ကြကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်သည်။ 
အစိုးရအဖွဲ့၊ ဝန်ကြီး ချုပ်ဦးဖြိုးမင်းသိန်းသည် လျှပ်စစ်စွမ်းအား စီမံရေးဦးစီးဌာန၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်း၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် TTCL Public Co., Ltd တို့မှ တာဝန်ရှိသူများအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ခန်းမ(၄)၌ လက်ခံတွေ့ဆုံခဲ့ပြီး အလုံမြို့နယ်တွင် တည်ဆောက်မည့် LNG သုံး ဓာတ်အားပေး စက်ရုံစီမံကိန်းအတွက် ဓာတ်ငွေ့ပိုက်လိုင်း လမ်းကြောင်း အတည်ပြုနိုင်ရေး ကိစ္စနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ 

The Ladies News

0 comments:

Post a Comment