Monday, May 27, 2019

ARSA ခေါင်းဆောင်တစ်ဦးကို ဓားနှင့်ထိုးပြီး ထွက်ပြေးလာသည့် ARSA အဖွဲ့ဝင်တစ်ဦးအား မောင်တောမြို့တွင် ဖမ်းဆီးရမိ


ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင်းရှိ ဆာမားကူဒုက္ခသည်စခန်းမှ ARSA ခေါင်းဆောင်တစ်ဦးကို ဓားနှင့်ထိုးပြီး ထွက်ပြေးလာသည့် ARSA အကြမ်းဖက်အဖွဲ့ဝင် တစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ 
မေလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်က ဘင်္ဂလားဒေ့(ရှ်)နိုင်ငံ၊ ကော့ဘဇားခရိုင်၊ အူခီးယားမြို့နယ်၊ ပါလောင်ခါလီကျေးရွာ၊ ဆာမားကူဒုက္ခသည်စခန်းမှ တရားမ၀င်နယ်စပ် ဖြတ်ကျော် ၀င်ရောက်လာသည့် ARSA အကြမ်းဖက်အဖွဲ့ဝင် တစ်ဦးအား မောင်တောမြို့နယ်၊ နယ်မြေ(၄)၊ လိပ်ရ(မြောက်)ကျေးရွာတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ 
ဖမ်းဆီးရမိခဲ့သည့် မာမွတ်ဟာရှင်း(ခ) ဟာရှင်း မူလ္လာ(၂၂)နှစ် သည်မောင်တောမြို့နယ်၊ ကျီးကန်းပြင်(တောင်)ရွာ၌ နေထိုင်ပြီး ၂၀၁၇ ခုနှစ် ဩဂုတ်လအကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များဖြစ်ပွားပြီး နောက်ရက်များတွင် မိဘများနှင့်အတူတစ်ဖက်နိုင်ငံသို့ တိမ်းရှောင်ထွက်ပြေးသွားဖြစ်ကြောင်း သိရသည်။ 
မာမွတ်ဟာရှင်း(ခ) ဟာရှင်း မူလ္လာသည် ဒုက္ခသည်စခန်းတွင်နေထိုင်နေစဉ်ကာလအတွင်း ARSA အဖွဲ့၏ ခြိမ်းခြောက်မှုကြောင့် ၂၀၁၈ ခုနှစ်ဆန်းပိုင်းတွင် ဆာမားကူဒုက္ခသည်စခန်း၌ သင်တန်းသားအမှတ် ARSA-34 ဖြင့် လက်နက်ငယ်ပစ်ခတ်ခြင်း၊ မိုင်းထောင်ခြင်းနှင့် ကိုယ်ခံပညာများအား သင်ကြားခဲ့ကြောင့် သိရသည်။ 
အကြမ်းဖက်သင်တန်းများတက်ရောက်ပြီး ဆာမားကူဒုက္ခသည်စခန်းနေထိုင်နေစဉ် ၎င်း၏ ညီမအရင်းဖြစ်သူကို စခန်းခေါင်းဆောင် အက္ကရာကညအိပ်ခေါ်သည့် ကိစ္စကို မကျေနပ်၍ မေလ ၂၂ ရက်နေ့တွင် အက္ကရာအား ဓားမြှောင်နှင့်ထိုးကာ ငါးဖမ်းလှေတစ်စီးအားတာကာငွေ ၂,၀၀၀ ပေး၍နယ်စပ်စည်းရိုးကိုကျော်ဖြတ်၍ မြန်မာနိုင်ငံဘက်သို့ထွက်ပြေးခဲ့စဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ 
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မာမွတ်ကို ဟာရှင်း(ခ) ဟာရှင်း မူလ္လာအား ကြိမ်ချောင်းနယ်မြေရဲစခန်းက (ပ)၆/၂၀၁၉၊ အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။ 

သတင်း - ကိုကို 
ဓာတ်ပုံ - ရဲဇာနည်ဖေစ့်ဘွတ်ခ်
The Standard Time Daily 

0 comments:

Post a Comment