Monday, May 27, 2019

ပြင်သစ်တွင် လူ ၁၃ ဦး ဒဏ်ရာရခဲ့သည့် ဗုံးပေါက်ကွဲမှု သံသယရှိသူကို ဖမ်းဆီး


ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့မှာ ပြီးခဲ့တဲ့အပတ်က လူ ၁၃ ယောက် ဒဏ်ရာရခဲ့တဲ့ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး သံသယရှိသူ အမျိုးသားတယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီလို့ ပြည်ထဲရေးဝန်ကြီး ခရစ္စတို့ဖ် ကတ်စတာနယ်က မေလ ၂၇ ရက်နေ့မှာ ပြောပါတယ်။ 
သံသယရှိသူကို ဖမ်းဆီးလိုက်ပြီဆိုတာ ပြင်သစ် ပြည်ထဲရေးဝန်ကြီးက သူ့ရဲ့ တွစ်တာ စာမျက်နှာကတဆင့် ကြေညာခဲ့ပေမယ့် အဲဒီအမျိုးသားရဲ့ အသေးစိတ် အချက်အလက်နဲ့ ဘယ်နေရာမှာ ဖမ်းခဲ့တယ်ဆိုတာကိုတော့ မဖော်ပြခဲ့ပါဘူး။ 

အခင်းဖြစ်နေရာရှိ လုံခြုံရေးကင်မရာက ပုံရိပ်တွေအရ သံသယရှိသူဟာ မျက်နှာတပိုင်း အုပ်ထားပြီး စက်ဘီးကို တွန်းလာပါတယ်။ ပြီးတော့ သူဟာ နာမည်ကျော် မုန့်တိုက်တခုရဲ့ အပြင်ဘက်မှာ အထုပ်တထုပ်ထားပြီး ထွက်သွားပါတယ်။ 

နေ့အချိန်မှာ တိုက်ခိုက်တာ လူစည်ကားတဲ့နေရာမှာ ဖောက်ခွဲရေးပစ္စည်းသုံးတာ စတဲ့ အခြေအနေတွေကြောင့် လက်ရှိမှာ အဲဒီအမှုကို အကြမ်းဖက် စုံစမ်းစစ်ဆေးရေးအဖြစ် သတ်မှတ်ကိုင်တွယ်နေပါတယ်။

DVB

0 comments:

Post a Comment