Monday, May 27, 2019

ကျောင်းအပ်လက်ခံရာတွင် မသမာမှု၊ လာဘ်ပေးလာဘ်ယူမှု ကျူးလွန်သူကို အရေးယူမည်



ရန်ကုန်တိုင်းအတွင်း အခြေခံပညာစာသင်ကျောင်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ပညာရေးဝန်ထမ်းတွေအနေနဲ့ ကျောင်းအပ်လက်ခံရာမှာ မသမာမှုတွေ လုပ်ဆောင်ပြီး လာဘ်ပေး၊ လာဘ်ယူ တာတွေကို မလုပ်ဖို့ တိုင်းဒေသကြီးက ပညာရေးမှူးရုံးကနေ ညွှန်ကြားထားပါတယ်။ 
ဝန်ထမ်းတွေအနေနဲ့ အခုလိုညွှန်ကြားချက်အပေါ် လိုက်နာမှုမရှိဘဲ ငွေကြေး၊ လက်ဆောင်၊ ပစ္စည်းလက်ခံတာတွေရှိရင် အရေးယူသွားမယ်လို့ ရန်ကုန်တိုင်းပညာရေးမှူး ဒေါ်ခင်မာဆွေ က ဒီဗွီဘီကို ပြောပါတယ်။ 

ပညာရေးဝန်ကြီးဌာနအနေနဲ့ ကျောင်းနေအရွယ် ကလေးငယ်တိုင်း အခြေခံပညာ စာသင်ကျောင်းတွေမှာ ပညာသင်ကြားခွင့်ရရှိဖို့အတွက် အခမဲ့ ပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့အတွက် ကျောင်းအပ်ရာမှာ ကျောင်းသားတွေကို ငွေကြေးမကောက်ခံဖို့နဲ့ အစိုးရကထောက်ပံ့ထားတဲ့ ပစ္စည်းတွေက အပ ကျန်တဲ့ ကျောင်းသုံးပစ္စည်းတွေကို မရောင်းချဖို့ ညွှန်ကြားထားတာပါ။ 

ပညာရေးဝန်ကြီးဌာနအနေနဲ့ ကျောင်းအပ်လက်ခံရာမှာငွေကြေး၊ လက်ဆောင်လက်ခံယူပြီး လာဘ်ပေးလာဘ်ယူတဲ့ ၀န်ထမ်းတွေကို တာဝန်ကနေရပ်နားတာနဲ့ ရာထူးလျော့တာ စတဲ့ အရေးယူမှုတွေကို လုပ်ဆောင်နေပါတယ်။ 


၂၀၁၉- ၂၀ ပညာသင်နှစ်အတွက် အခြေခံပညာစာသင်ကျောင်းတွေကို စတင်ဖွင့်လှစ်တော့မှာမို့ အခုသီတင်းပတ်ကစတင်ပြီး နိုင်ငံတ၀န်းရှိ စာသင်ကျောင်းတွေမှာ ကျောင်းသားတွေကို စတင်ကျောင်းအပ်လက်ခံနေပြီဖြစ်ပါတယ်။

DVB 

0 comments:

Post a Comment