Tuesday, May 28, 2019

မြောက်ဦး မြို့အား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရာတွင် ဒြပ်ရှိ ယဉ်ကျေးမှုနှင့် ဒြပ်မဲ့ယဉ်ကျေးမှုများပါ တင်သွင်းရန် စီစဉ်နေ


မြောက်ဦး မြို့အား ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရာတွင် ဒြပ်ရှိ ယဉ်ကျေးမှုနှင့် ဒြပ်မဲ့ယဉ်ကျေးမှုများပါတင်သွင်းရန် စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကြည်မင်းက မေလ ၂၇ ရက် အမျိုးသားလွှတ်တော်အ စည်းအဝေးတွင်ပြောကြားလိုက်သည်။ 
အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်ကျော်ဇံ၏ ရခိုင်ရှေးဟောင်း ယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့ သာသနိကအဆောက် အအုံများရှိ န၀ရူပဗျာလ် ရုပ်ထုများကို ကုလသမဂ္ဂပညာရေး၊ သိပံ္ပနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO)၏ လူသားမျိုးနွယ်တို့၏ နှုတ်မှုဆိုင်ရာ လက်ရာမွန်များနှင့် ဒြပ်မဲ့အမွေအနှစ် များအား လူသား မျိုးနွယ်ကို ကိုယ်စားပြုသော ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် စာရင်း တင်သွင်း ပေးရန် အစီအစဉ် ရှိ၊မရှိမေးမြန်းမှုအား ပြန်လည်ဖြေကြားပေးခဲ့ခြင်းဖြစ် သည်။ 
မြောက်ဦးယဉ်ကျေးမှု အမွေ အနှစ်ဒေသကို ကမ္ဘာ့ အမွေအနှစ် စာရင်းတင်သွင်းရန်အတွက် သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန အနေဖြင့် ရခိုင်ပြည်နယ် အစိုးရနှင့် ပြည်တွင်းပြည်ပ ပညာ ရှင်များပါဝင်သည့် အဖွဲ့များဖြင့် လုပ်ဆောင်လျက် ရှိ ကြောင်း၊ ထိုကဲ့သို့ လုပ်ဆောင်ရာတွင် မြောက်ဦး မြို့ရှိ ရှေး ဟောင်းဘုရား စေတီပုထိုးများ၊ ရုပ်ထုများ၊ ကျောက်စာများ၊ ပိဋိကတ်တိုက်များ၊ ခံတပ်များ စသည့် ဒြပ်ရှိယဉ်ကျေးမှုပစ္စည်း များအပြင် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တို့အား ခေါင်းစဉ် တစ်ခုခြင်းစီ သတ်မှတ်ပြီး ဆောင်ရွက်လျက် ရှိသည်ဟုလည်း ဒုတိယ၀န်ကြီးကဆိုသည်။ 
ထို့အတူ ရခိုင် ရှေးဟောင်း ယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့ သာသနိက အဆောက်အအုံများရှိ န၀ရူပဗျာလ် ရုပ်ထုများနှင့် ပတ်သက်၍ UNESCO သို့ အမည်စာရင်းတင်သွင်းလိုသည့် ကိစ္စတွင်လည်း သက်ဆိုင် ရာပြည်နယ် အဆင့် ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး လုပ်ငန်းကော်မတီများ၊ ပညာရှင်များ၏ စာရင်းကောက်ယူ တင်သွင်း လာမှု များတွင် ပါဝင်လာပါက အခြားသော ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များ နည်းတူ ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဒုတိယ၀န်ကြီးက ဆက်လက်ပြောကြား ခဲ့သည်။ 

Photo - Credit 
The Ladies News

0 comments:

Post a Comment