မောင်တောမြို့နယ်၌ စီးကရက် ၄၆ ဖာသယ်ဆောင်လာသူတို့အား ပို့ကုန်သွင်းကုန် ဥပဒေဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိ ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံက သိရသည်။
မေလ ၂၆ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန် ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊နယ်မြေ (၃/၄) သဲချောင်း ဖာရီကျေးရွာ အနီး တောင်ပြို-ကြိမ်ချောင်းကားလမ်း၌ အမှတ်(၂) နယ်ခြားစောင့် ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မှ တပ်မတော်သားများ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိစဉ် ကြိမ်ချောင်းမှ တောင်ပြိုသို့ မောင်တောမြို့ နယ်၊ ရေနောက် ငါးသားကျေးရွာနေ လှမောင်စိန်(၂၇)နှစ် မောင်းနှင်လာသည့် 3H/××× Surf ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်၏ နောက်ခန်းအတွင်းမှ ၁ဖာလျှင် ၅၀ တောင့်ပါ Marble တံဆိပ် စီးကရက် ၁၆ ဖာ (စုစုပေါင်းတန်ဖိုးငွေ ၃,၁၂၀,၀၀၀ ကျပ်) အားတွေ့ရှိဖမ်းဆီးရမိခဲ့ပြီး ၎င်းအား စစ်မေးရာဆေးလိပ်ဖာများကို ၁ ဖာလျှင် ၁၀,၀၀၀ ကျပ်နှုန်းဖြင့်ကြိမ်ချောင်း ကျေးရွာနေ ဦးဇော်ထွန်း (စိစစ်ဆဲ)က မီးတိုက်ကျေးရွာနေဦးပိုးရင်နှင့် ဦးဇော်ဘော်ဂျာတို့ ထံ ပို့ဆောင်ခိုင်း၍ သယ်ဆောင်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သဖြင့် လှမောင်စိန်အားတောင်ပြိုယာ နယ်မြေရဲစခန်း၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
အလားတူနံနက် ၉နာရီ၁၅ မိနစ်အချိန်တွင် ပူးပေါင်းအဖွဲ့သည် ကြိမ်ချောင်းမှ တောင်ပြိုသို့ ကြိမ်ချောင်းကျေးရွာနေ ဖြိုးသန်းကျော်(၂၁)နှစ်မောင်းနှင် လာသည့် 4G/××× Super Custom ယာဉ်အားရပ်တန့်စစ်ဆေးရာယာဉ်၏နောက်ခန်းအတွင်းမှ ၁ ဖာလျှင် ၅၀ တောင့်ပါ Marble တံဆိပ်စီးကရက် ၂၅ ဖာနှင့် Mansanတံဆိပ် စီးကရက် ၅ ဖာ၊ စုစုပေါင်း ၃၀ ဖာ(စုစုပေါင်း တန်ဖိုးငွေ ၅,၆၇၅,၀၀၀ ကျပ်)အားတွေ့ရှိဖမ်းဆီးရမိခဲ့ပြီး ၎င်းအားစစ်မေးရာဆေးလိပ်ဖာများအား ၁ ဖာလျှင် ၁၀၀၀၀ ကျပ်နှုန်းဖြင့် ကြိမ်ချောင်းကျေးရွာနေဦးဇော်ထွန်း(စိစစ်ဆဲ)က မီးတိုက်ကျေးရွာနေ ဦးလှသောင်းထံပို့ဆောင်ခိုင်း၍ သယ်ဆောင်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သဖြင့် ဖြိုးသန်းကျော်အား တောင်ပြိုယာနယ်မြေရဲစခန်း ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Credit - ရဲဇာနည်
The Ladies News







0 comments:
Post a Comment