Monday, May 27, 2019

အီးယူ လွှတ်တော်ရွေးကောက်ပွဲ ကျင်းပ၊ မဲပေးသူ ၅၀ ရာခိုင်နှုန်းခန့်ရှိ


ဥရောပသမဂ္ဂ အီးယူတခုလုံးရဲ့ လွှတ်တော်ရွေးကောက်ပွဲကို မေလ ၂၃ ရက်က စတင်ကျင်းပနေပြီး မေလ ၂၆ ရက်မှာတော့ လာရောက်မဲပေးသူ အရေအတွက် ခန့်မှန်းခြေ ၄၉ ရာခိုင်နှုန်းကနေ ၅၂ ရာခိုင်နှုန်းကြား ရှိတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
အဲဒီမတိုင်ခင် နောက်ဆုံးကျင်းပခဲ့တဲ့ ၂၀၁၄ အီးယူလွှတ်တော် ရွေးကောက်ပွဲမှာ လာရောက်မဲပေးသူ စုစုပေါင်း ၄၂ ရာခိုင်နှုန်းကျော်သာ ရှိခဲ့ပါတယ်။

အဲဒီမဲပေးသူ အရေအတွက်ဟာ ဗြိတိန်နိုင်ငံကလွဲပြီး အီးယူအဖွဲ့ဝင် ၂၇ နိုင်ငံရဲ့ ၅၁ ရာခိုင်နှုန်းရှိတယ်လို့လည်း အီးယူလွှတ်တော် ပြောခွင့်ရ ဒူဂရီယိုက ပြောပါတယ်။

ဒါဟာ နှစ် ၂၀ ကျော်အတွင်း အီးယူလွှတ်တော် ရွေးကောက်ပွဲမှာ မဲပေးသူနှုန်း အများဆုံး ဖြစ်နိုင်ပြီး အီးယူရွေးကောက်ပွဲကို မဲပေးသူတွေ ပူးပေါင်းပါဝင်မှု နည်းတယ်ဆိုတဲ့ အချက်ကိုလည်း ပြောင်းပြန်လှန်လိုက်တဲ့ မှတ်တိုင်တခု ဖြစ်တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

လက်ရှိမှာတော့ ဗဟိုလက်ယာဝါဒီ European Peoples’ Party က လွှတ်တော်အမတ်နေရာ ၁၇၃ နေရာနဲ့ ထိပ်ဆုံးက ရပ်တည်နေတယ်လို့ လွှတ်တော်တာဝန်ရှိသူ တယောက်က မေလ ၂၆ ရက် ညနေပိုင်းမှာ ပြောပါတယ်။

ဆိုရှယ်လစ်တွေက အမတ်နေရာ ၁၄၇ နေရာနဲ့ လစ်ဘရယ်ပါတီတွေက အမတ်နေရာ ၁၀၂ နေရာ အသီးသီး ရထားပါတယ်။

DVB

0 comments:

Post a Comment