Monday, May 27, 2019

ပဲခူးမြို့နယ် ၌မီးခိုးဗုံးဟုယူဆရသည့် နို့နှစ်ရောင်သံဗူး ၄၁ လုံးတွေ့ရှိ


ပဲခူးမြို့နယ်၊ ဝါးဒမကျေးရွာရှိ ဦးအောင်ခိုင် (စိစစ်ဆဲ)ပိုင် “အနောက်ဘဝသစ်” ရာဘာခြံအတွင်း၌ မေလ ၂၆ ရက်က မီးခိုးဗုံးဟုယူဆရသည့် နို့နှစ်ရောင်သံဗူး ၄၁လုံးတွေ့ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ 
ပဲခူးမြို့နယ်၊ ဝါးဒမကျေးရွာရှိ ဦးအောင်ခိုင် (စိစစ်ဆဲ)ပိုင် “အနောက်ဘဝသစ်” ရာဘာခြံအတွင်း၌ အောင်ဆန်းဦး(၁၈)နှစ်သည် အလုပ်သမားများ နေထိုင်သည့်တဲ၏ အနောက်ဘက်တွင် အဆောက်အဦးဆောက်လုပ်ရန် တိုင်မြေကျင်းတူးဖော်စဉ် GREN HAND SMOKE RED စာတမ်းပါ မီးခိုးဗုံးဟု ယူဆရသည့် အရှည် ၆ လက်မ၊ လုံးပတ် ၄ လက်မခွဲခန့်ရှိ နို့နှစ်ရောင်သံဗူး ၄၁ လုံး တွေ့ရှိကြောင်း သတင်းအရ ပဲခူး အမှတ် (၃) နယ်မြေရဲစခန်း မှ ရဲတပ်ဖွဲ့ဝင်များ ဦးစီး အဖွဲ့က သွားရောက်စစ်ဆေးခဲ့ပြီး၊ မေလ ၂၇ ရက်တွင် နယ်မြေခံတပ်မတော်မှ လာ ရောက်စစ်ဆေးပြီး အဆိုပါနေရာအား ပဲခူး အမှတ် (၃) နယ်မြေရဲစခန်းမှ လုံခြုံရေး ဆောင်ရွက်လျက် ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ 

The Ladies News

0 comments:

Post a Comment