Thursday, May 2, 2019

ဖားကန့်တွင် အသေးစားရွှေလုပ်ကွက်ဧက ၅၀,၀၀၀ ကျော် ပထမဆုံးအကြိမ် တူးဖော်ခွင့်ပြုရန် အစိုးရပြင်ဆင်နေ

ဖားကန့်တွင် ပထမဆုံးအကြိမ်အဖြစ် အသေးစားနှင့် လက်လုပ်လက်စားရွှေလုပ်ကွက် ဧက ၅၀,၀၀၀ ကျော် တူးဖော်ခွင့်ပြု ရန်ပြင်ဆင်နေကြောင်း ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ် ၀န်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက ပြောသည်။ 
‘‘ပြည်ထောင်စုက ဖြေလျှော့ပေးတာပါ။ ဒါကအသေးစားလက် လုပ်လက်စားတူးဖော်ခွင့် ပထမဦးဆုံးဖြစ်လာမှာပါ’’ ဟု ဦးဒါရှီလဆိုင်း က ပြောသည်။ 

ဖားကန့်၊ လုံးခင်းရတနာနယ်မြေမှ ရွှေတောင်ကျော်၊ ကွင်းဟဲနှင့် နန့်ပင်းကျေးရွာတွင် ၃၇,၇၂၃ ဧက၊ ဆယ်စင်းကျေးရွာတွင် ၂,၆၀၉ ဧက၊ ရှဒူးဇွပ်ဒေသတွင် ၁၃,၃၀၈ ဧက၊ စုစုပေါင်းဧက ၅၃,၆၄၀ကို တူးဖော်ခွင့်ချထားပေးရန် စီစဉ်နေကြောင်း သတ္တုတွင်းဦးစီးဌာန ကချင်ပြည် နယ် (ရုံးခွဲ) က သတင်းထုတ်ပြန် ထားသည်။ 

ဖားကန့်ဒေသ၌ အသေးစား နှင့် လက်လုပ်လက်စားရွှေလုပ် ကွက်များချထားမည့် အစီအ စဉ်သည် နေပြည်တော်ရှိ သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ၀န် ကြီးရုံးတွင် ဧပြီ ၂၆ ရက်ကပြု လုပ်ခဲ့သော ၂၀၁၈ - ၁၉ ဘဏ္ဍာ နှစ် (ဒုတိယအကြိမ်) လေးလပတ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ရလဒ်ဖြစ်သည်။ 

‘‘ဒီဒေသက မြန်မာနိုင်ငံမှာ ရွှေအကောင်းဆုံးနေရာတွေပဲ။ ရွှေပါဝင်နှုန်းများပြီး တခြားသတ္တု အင်မတန်နည်းတယ်’’ ဟု ဖား ကန့်မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးတင်စိုးကပြော သည်။ 

စစ်ကိုင်းတိုင်းဒေသကြီးနှင့် နယ်ချင်းစပ်နေသော ဆည်ဆင်း၊ ဟောင်ပါးကျေးရွာများသည် အ ရည်အသွေးကောင်းသောရွှေ ထွက်သည်ဟု နာမည်ကြီးသည်။ ထို့အပြင် ဒေသတွင်းရှိ ဥရုချောင်း သည် ရွှေတူးဖော်မှုများကြောင့် ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သဘာ ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးအ ဖွဲ့များကဆိုသည်။ ဆည်ဆင်း ဒေသမှ တရားမ၀င်ရွှေတူးဖော် သူများနှင့် စက်ယန္တရားများကို ၂၀၁၆ က ဖမ်းဆီးခဲ့ဖူးသည်။ 

ကချင်ပြည်နယ်ရှိ ရွှေတူး ဖော်ရေးလုပ်ငန်းများတွင် တရား မ၀င်တူးဖော်မှုများရှိနေရာသဘာ ၀ပတ်ဝန်းကျင်ပျက်စီးထိခိုက်မှု ဖြစ်စေ၍ အသေးစားနှင့် လက် လုပ်လက်စားရွှေလုပ်ကွက်များ ချထားရန် စီစဉ်ခြင်းဖြစ်ကြောင်း ဦးဒါရှီလဆိုင်းက ပြောသည်။ 

ရွှေလုပ်ကွက်များကို မည် သည့်အချိန်တွင် ချထားမည်ကို အတိအကျ သတင်းမထုတ်ပြန် သေးပေ။ 

‘‘လုပ်ကွက်လျှောက်ထား တာတွေတော့ရှိနေပါပြီ။လျှောက် ထားတဲ့မြေနေရာဟာ သစ်တော မြေလား၊ မြေလွတ်မြေရိုင်းလား ဆိုတာ ပြန်ဆန်းစစ်ပြီး တောက် လျှောက်ချထားပေးဖို့ရှိတယ်’’ ဟု ဦးဒါရှီလဆိုင်းက ပြောသည်။ 

အသေးစားနှင့် လက်လုပ် လက်စားရွှေလုပ်ကွက်များချထား မည့်အစိုးရ၏ အစီအစဉ်ကြောင့် တရားဝင်တူးဖော်ခွင့် ရလာမည့် အပေါ်ကြိုဆိုကြောင်း ဖားကန့် ဒေသခံများက ပြောသည်။

7Day

No comments:

Post a Comment