Thursday, May 2, 2019

ဆိုင်ကလုန်းမုန်တိုင်း ဖန်နီ အိန္ဒိယကမ်းရိုးတန်းသို့ ယနေ့ ၀င်ရောက်မည် ရခိုင်အပါအ၀င် ဒေသခြောက်ခု နေရာကွက် မိုးရွာနိုင်


ဆိုင်ကလုန်းမုန်တိုင်း ဖန်နီ (FANI) သည် ယနေ့ နေ့ လယ်တွင် အိန္ဒိယကမ်းရိုးတန်း ဒေသသို့ ၀င်ရောက်မည်ဖြစ်ပြီး မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည် နယ်အပါအ၀င် တိုင်းနှင့်ပြည်နယ် ခြောက်ခု၌ နေရာကွက် မိုးရွာ နိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြော သည်။ 
ဖန်နီ (FANI) သည် အား အလွန်ကောင်းသော ဆိုင်ကလုန်း မုန်တိုင်းအဆင့်ဖြင့် ၀င်ရောက် မည်ဖြစ်၍ မုန်တိုင်းဗဟိုချက်ဖြစ် သော သြရိသကမ်းခြေမှ ဒေသခံ များကို အိန္ဒိယအစိုးရက ဘေး လွတ်ရာ ရွှေ့ပြောင်းထားသည်။ ကမ်းခြေကို ၀င်ရောက်ပြီးနောက် ကုန်းတွင်းမုန်တိုင်း အဆင့်ဖြင့် ဆက်လက်တိုက်ခတ်ကာ ကုန်း တွင်းမှာပါ အားလျော့နိုင်သည် ဟု ဒေါက်တာထွန်းလွင်က ပြော သည်။ 

‘‘မုန်တိုင်းကြီးက မေလ ၄ ရက်ကနေစပြီး ကုန်းတွင်းမှာပဲ လျင်မြန်စွာ အားပျော့ပျက်ပြယ် သွားမယ်လို့ ခန့်မှန်းရပါတယ်’’ ဟု ဒေါက်တာထွန်းလွင်က ပြော သည်။ 

ရခိုင်ကမ်းရိုးတန်းနှင့် ဝေး ကွာသော်လည်း မုန်တိုင်းအရှိန် ကြောင့် ရခိုင်ပြည်နယ်၊ တနင်္သာ ရီ၊ ပဲခူး၊ ဧရာဝတီ၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် မွန်ပြည်နယ်တွင် မိုး ရွာနိုင်ကြောင်း ဒေါက်တာထွန်း လွင်က သတိပေးသည်။ 

အလွန့်အလွန် အားကောင်း သော ဆိုင်ကလုန်းမုန်တိုင်း ‘ဖန်နီ’ သည် နောက် ၃၆ နာရီ အတွင်း အိန္ဒိယနိုင်ငံ ဩရိသကမ်းခြေသို့ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့် မှန်းကြောင်း မိုးလေ၀သနှင့် ဇလ ဗေဒညွှန်ကြားမှု ဦးစီးဌာနက မေလ ၂ ရက် ညနေ ၅ နာရီတွင် သတင်းထုတ်ပြန်သည်။ 

‘ဖန်နီ’ အရှိန်ကြောင့်တိုင်း ဒေသကြီးနှင့်ပြည်နယ် အားလုံး တွင် မေလ ၄ ရက်အထိ မိုးရွာနိုင် ပြီး ဒေသအချို့ နေရာကွက်မိုးကြီး နိုင်ကြောင်း မိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှု ဦးစီးဌာနက သ တိပေးထားသည်။ နေရာကွက် မိုးကြီးနိုင်သည့် ဒေသအမည်ကို ဖော်ပြထားခြင်းမရှိပေ။ မြန်မာ့ ကမ်းရိုးတန်းဒေသများနှင့် ပင် လယ်ပြင်တွင် မိုးသက်လေပြင်း ကျရောက်နိုင်ပြီး လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင် အထိ တိုက်ခတ်နိုင်ကြောင်းသတိ ပေးထားသည်။ ပြည်တွင်းလေ ကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်း ရိုးတန်းတစ်လျှောက်နှင့် ပင်လယ် ပြင်ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေ ဖြင့်လည်း ကြိုတင်သတိပြုရန် သတိပေးထားသည်။

7Day

No comments:

Post a Comment