နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင်ရေးကိစ္စ၊ ရခိုင်ပြည်နယ်နှင့် ပတ်သက်သည့် နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးကျော်တင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဗြီတိန် သံအမတ်ကြီး H.E. Mr. Dan Chugg တို့ တွေ့ဆုံဆွေး နွေးခဲ့ကြောင်း နိုင်ငံခြားဝန်ကြီးဌာန က ယနေ့(မေလ၂၇ရက်) ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။
ယနေ့ မွန်းလွဲပိုင်းတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ဗြိတိန်သံအမတ်ကြီးအား လက်ခံတွေ့ဆုံရာတွင် အထက်ဖေါ် ပြပါကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖေါ်ပြထားသည်။ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ နေရပ်စွန်ခွာသူများပြန်လည် လက်ခံရေး ပတ်သက်၍ အာဆီယံအဖွဲ့ကြီးမှ အပြုသဘောပူးပေါင်းဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ ရခိုင် ပြည်နယ်နှင့် ပတ်သက်သည့် နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ သတင်းမီဒီယာ လွတ်လပ်ခွင့် နှင့် မြန်မာ - ဗြိတိန်မဟာဗျူဟာမြောက် ဆွေးနွေးပွဲကျင်းပရေးကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်ထဲတွင် ဖေါ်ပြထားသည်။
The Ladies News







0 comments:
Post a Comment