မန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့နယ်ရှိ အယ်လ်ဖာဘိလပ်မြေစက်ရုံစီမံကိန်းဖျက်သိမ်းရေး တောင်းဆိုနေသည့် အောင်သပြေကျေးရွာမှ အသက် ၁၇ နှစ်အရွယ် ၉တန်းကျောင်းသား မောင်ထူးဝေယံကို ပုသိမ်ကြီးမြို့မရဲစခန်းက ပုဒ်မ ၄ ခုဖြင့်အမှုဖွင့် ထားကြောင်းသိရသည်။
လက်ရှိတွင် ၉ တန်းကျောင်းသား မောင်ထူးဝေယံကို ပုသိမ်ကြီးမြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ် မ ၄၃၆၊ ၄၄၀၊ ၃၃၆ နှင့် ၁၁၄ စသည့် ပုဒ်မ ၄ခုဖြင့် အမှုဖွင့်အရေးယူထားကြောင်း အောင်သပြေကျေး ရွာအရေးလိုက်ပါဆောင်ရွက် ပေးနေသည့် ရှေ့နေအကျိုးဆောင် ဦးစည်သူက ပြောကြားသည်။
“ဘာကြောင့်အခုလို ပုဒ်မ ၄ခုနဲ့စွဲတယ်ဆိုတာကိုတော့ ကျွန်တော်တို့ကအမှုတည်ဆောက်တဲ့အခါမှဘဲ သိရမယ်။ကာယကံရှင်ကျူးလွန်ခြင်းရှိတယ်၊မရှိဘူးဆိုတာတော့ တရားစွဲအဖွဲ့အစည်းဖြစ်တဲ့ ရဲတို့၊ဥပ ဒေအရာရှိတို့ကနေ တရားရုံးတင်လာတဲ့အပေါ်မှာ အဲ့ဒိအမှုကိုကြည့်ပြီးတော့မှ ကျူးလွန်သလား၊မကျူး လွန်ခဲ့ဘူးလား။တကယ်လို့ကျူးလွန်ခဲ့သည့်တိုင်အောင် ဥပဒေအရဘယ်အခွင့်အရေးတွေသွားမတုန်း၊ သူမကျူးလွန်ဘူးဆိုရင်လည်း ဘာကြောင့်အဖမ်းခံရတာတုန်း ဒါတွေအပေါ်မှာအခြေခံပြီးတော့မှဘဲ ဆက်ပြောလို့ရမှာ” ဟု အောင်သပြေကျေးရွာအရေးလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေအကျိုး ဆောင် ဦးစည်သူက ပြောကြားသည်။
၉ တန်းကျောင်းသားဖြစ်သူ မောင်ထူးဝေယံအား စီမံကိန်းဖျက်သိမ်းပေးရန်တောင်းဆိုသည့် ကျေးရွာ ဒေသခံများနှင့်ရဲတပ်ဖွဲ့တို့ကြား ပဋိပက္ခဖြစ်ပွားပြီးနောက် မေ ၂၄ရက် မွန်းလွဲပိုင်းအချိန်ခန့်၌ မောင်တိုး ဝေယံမှ ကျောင်းသုံး ပစ္စည်းများဝယ်ယူပြီးအပြန်လမ်းတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရ သည်။
ရာဇသတ်ကြီးဥပဒေ၏ ပုဒ်မ ၄၃၆တွင် အိမ်အစရှိသည်တို့ကို ဖျက်ဆီးရန်ကြံရွယ်၍ မီးဖြင့်(သို့တည်း မဟုတ်)ပေါက်ကွဲတတ်သည့်အရာဖြင့် အကျိုးဖျက်ဆီးမှု ၊ ပုဒ်မ ၄၄၀တွင် သေစေမှုအတွက်၊သို့တည်း မဟုတ် နာကျင်စေမှုအတွက် ပြင်ဆင်ပြီးနောက် ကျူးလွန်သည့် အကျိုးဖျက်ဆီး၊ ပုဒ်မ ၃၃၆တွင် အခြားသူ၏အသက်ကို သို့တည်းမဟုတ် လုံခြုံရေး ကို ဘေးဖြစ်စေသော ပြုလုပ်မှုနှင့် ပုဒ်မ ၁၁၄ တွင် ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီသူကိုယ်တိုင်ရှိနေခြင်း ဟုဖော်ပြထားကြောင်းသိရသည်။

The Fifth Wave News

0 comments:
Post a Comment