မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့တဖွဲ့ဟာ မေလ ၂၇ ရက်က ရုရှားနိုင်ငံကို ထွက်ခွာခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအန်အေ သတင်းဌာနက ပြောပါတယ်။
အဲဒီကိုယ်စားလှယ်အဖွဲ့ဟာ ကိုရီးယား အလုပ်သမားပါတီ (WPK) ရဲ့ ပြုံယမ်းမြို့ဆိုင်ရာ ကော်မတီဝင်တွေလို့ ကေစီအန်အေက ကြေညာပါတယ်။
WPK ပါတီ ဥက္ကဋ္ဌ ကင်မ်နုမ်းအို ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ပြုံယမ်း အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မြောက်ကိုရီးယားဆိုင်ရာ ရုရှားသံအမတ် အလက်ဇန်းဒါး မတ်ဆေဂိုရာနဲ့ နှုတ်ဆက်နေတဲ့ ရုပ်သံကို ကေစီအန်အေက ဖော်ပြခဲ့ပါတယ်။
ရုရှားကို ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ရတဲ့ အကြောင်းရင်းကို ကေစီအန်အေက ထုတ်ဖော် မပြောခဲ့ပါဘူး။
DVB







0 comments:
Post a Comment