ဆရာတော်ဦးဝီရသူကို ဖမ်းဆီးရန် ၀ရမ်းမရသေးကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဒုတိယရဲချုပ်(၁) ရဲဗိုလ်ချုပ်မျိုးဆွေဝင်းကပြောသည်။
နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် မေ ၂၇ ရက် မွန်းလွဲပိုင်းက ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ပြုလုပ်ခဲ့သော နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်မီဒီယာများ၏မေးမြန်းမှုကို ယင်းသို့ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
''ဦးဝီရသူနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ၀ရမ်း အခုချိန်အထိ မရသေးပါဘူး''ဟုရဲဗိုလ်ချုပ်မျိုးဆွေဝင်းကပြောသည်။
ပြီးခဲ့သည့် ဧပြီ ၂၉ ရက်က တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပြုလုပ်ခဲ့သည့် ၂၀၁၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉(စ)မပြင်ဆင်ရေး ထောက်ခံပွဲ၌ ဆရာတော်ဦးဝီရသူက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းသည့်စကားလုံးများ ထည့်သွင်းဟောပြောခဲ့မှုများနှင့်ပတ်သက်ပြီး အစိုးရက အရေးယူရန်ပြင်ဆင်နေခြင်း ဖြစ်ကြောင်း သိရသည်။
ဦးဝီရသူ၏ ယင်းသို့ပြောဆိုချက်များသည် လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ သွားခဲ့ပြီးနောက် ပြည်သူလူထုများအကြား ဝေဖန်ပြောဆိုမှုများလည်း ရှိနေခဲ့သည်။
ထို့ပြင် မေ ၃ ရက်တွင်လည်း ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ဒေသတွင် တရားပွဲပြုလုပ်ရန် စီစဉ်သော်လည်း ဖူးခက်ဒေသရောက် မြန်မာလုပ်သားများနှင့်အာဏာပိုင်များက ခွင့်မပြုခဲ့၍ မကျင်းပနိုင်ခဲ့ပေ။ဘုရားကဲ့သို့ ကိုးကွယ်သင့်ထို့ပြင် မေ ၅ ရက်က ရန်ကုန်မြို့တွင်ပြုလုပ်ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ-၅၉ (စ) အား ကာကွယ်စောင့်ရှောက်ရေးနှင့် ပုဒ်မ ၂၆၁ အား ပြင်ဆင်ပေးရေးလူထု ဆန္ဒထုတ်ဖော်ပွဲတွင်လည်း လွှတ်တော်ထဲရှိ တပ်မတော်သားများအား ဘုရားကဲ့သို့ကိုးကွယ်သင့်ကြောင်း ဦးဝီရသူက မိန့်ဆိုခဲ့သည်။
သတင်း၊ဓာတ်ပုံ - မင်းမင်းထွန်း
The Standard Time Daily







0 comments:
Post a Comment