မေ ၁၇ ရက်နေ့ ညနေ သုံးနာရီခန့်တွင် ၀န်ကြီးချုပ်၏သားဖြစ်သူ အသက် (၁၇) နှစ်ရှိ မောင်ဆက်ဝင်းမာန်မှာ သူငယ်ချင်းများဖြစ်သည့် ခန့်ငြိမ်းဈာန်၊ မမေမြတ်မွန် ၊ မသစ်သစ်အောင် တို့နှင့်အတူ ပဲခူးမြို့၊ ကမ္ဘောဇသာဒီ နန်းတော်ရာဝန်း အတွင်းရှိ ခုံတန်း လျားတစ်ခု တွင် စကားပြောဆိုနေကြစဉ်၊ အသက် (၂ဝ) ဝန်းကျင်ခန့်ရှိ သူစိမ်းလူငယ်နှစ်ဦး ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဆက်ဝင်းမာန်အား အရှည် (၈) လက်မခွဲခန့် ခလုတ်ဓါးဖြင့် ရင်ဘတ်အားထောက်၍ '' ပါးစပ်ပိတ်ထား အသံမထွက်နဲ့ မင်းဘောင်းဘီ အိတ်ထဲက ပိုက်ဆံနဲ့ဖုန်းကို ပေးဟု ခြိမ်းခြောက် တောင်းဆိုခဲ့ကြသည်။ မောင်ဆက်ဝင်းမာန်၏ သူငယ်ချင်းဖြစ်သူ မသစ်သစ်အောင်မှ ‘‘ဓါးနှင့် ထောက်လို့'' ဟု အော်ဟစ်အကူအညီတောင်းခံရာ လုယက်သူ လူငယ်နှစ်ဦးမှာ ဆိုင်ကယ်ဖြင့် မောင်းနှင် ထွက်ပြေးသွားခဲ့ပါသည်။
အဆိုပါ လုယက်သွားသူနှစ်ဦးအား မမစ (ပဲခူး) (ပ) ၁၄၅၇/ ၂ဝ၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၇/၁၁၄ ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ခဲ့ပြီး ပဲခူးခရိုင်ရဲတပ်ဖွဲ့မှူးမှ အခင်းဖြစ်အရပ်သို့ သွားရောက်စစ်ဆေးကာ ခရရ (မှု/နှိမ်) နှင့် ပဲခူးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များအား တရားခံ အမြန် စုံစမ်း ဖော်ထုတ်ရရှိရေး ညွန်ကြားဆောင်ရွက်ခဲ့ပါသည်။
ရဲတပ်ဖွဲ့ဝင်များမှ CCTV မှတ်တမ်းများမှတစ်ဆင့် စုံစမ်းစစ်ဆေးရာ တရားခံနှစ်ဦးမှာ ပဲခူးမြို့ ပုဏ္ဏားစုရပ်နေ သူရိန်ထွန်း(ခ) သူရိန် ၂၄ နှစ်၊ (ဘ)ဦးကျော်အေးနှင့် မင်းထက်သာ (ခ)မင်းထက် ၁၉ နှစ်၊ (ဘ) ဦးတင်ဦးတို့ ဖြစ်ကြောင်း သိရှိရသည်။ ၎င်းတို့ နှစ်ဦးသည် မြစိမ်းရောင် စေတီဝန်းအတွင်း ပုန်းခိုနေကြောင်း သတင်းရရှိသဖြင့် ၁၈၃၀ အချိန် လိုက်လံရှာဖွေစဉ် တရားခံနှစ်ဦးအား စေတီဝန်း အတွင်းရှိ ခြုံပုတ်အတွင်း ပုန်းခို နေသည်ကိုတွေ့ရှိရ၍ ဝင်ရောက်ဖမ်းဆီးရာ ၄င်းတရားခံနှစ်ဦးမှ အရိုး/အသွား (၈) လက်မ ခွဲ ခန့်ရှိ ဓါးဖြင့် ရဲတပ်ဖွဲ့ဝင်များအား ပြန်လည်ခုခံသောကြောင့် ခြောက်လုံးပြူးသေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ပြီး ရဲတပ်ဖွဲ့ဝင်များက လုံးထွေး ဖမ်းဆီးရမိခဲ့ပါသည် ။
သူရိန်ထွန်း (ခ) သူရိန် နှင့် မင်းထက်သာ (ခ) မင်းထက် တို့အား စစ်ဆေးရာ ရှင်စောပု ပန်းခြံအတွင်းရှိ အတွဲ (၁) တွဲထံမှ Vivo Y15 အဖြူရောင် ဖုန်း (၁) လုံးနှင့် Oppo A11W နက်ပြာ ရောင် ဖုန်း (၁) လုံးတို့အားလည်း လုယူခဲ့ကြောင်း ထပ်မံစစ်ဆေး ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
စူးရှ
Isee Media







0 comments:
Post a Comment