ထိုင်းနိုင်ငံ ပထုန်(Patong)ကမ်းခြေတွင် မေလ ၂၇ ရက်နေ့ ညသန်းကောင်ကျော်ခန့်က မြန်မာလူငယ် ၁၀၀ ခန့် အုပ်စုဖွဲ့ ဓားများကိုင်ဆောင်၍ ခိုက်ရန်ဖြစ်ပွားခဲ့ကြကြောင်း Nation သတင်းဌာနမှ ရေးသားထားသည်။
“Baywatch team Patong & Patong development foundation” ၏ facebook စာမျက်နှာတွင် ဖော်ပြထားသည်ကို ကိုးကား၍ Nation သတင်းဌာနက ရေးသားထားခြင်းဖြစ်သည်။
အဆိုပါ မြန်မာလူငယ် ၁၀၀ ခန့်တို့သည် ပထုန်ကမ်းခြေရှိ Loma ပန်းခြံတွင် လူစုကာ ဓားတို ဓားရှည်များကိုင်ဆောင်၍ ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က လာရောက်ထိန်းသိမ်းခဲ့ကာ အချို့ကို ဖမ်းဆီးအရေးယူခဲ့သည်။
”ဒီလိုရန်ဖြစ်ကြတာတွေက အကြိမ်ပေါင်းမနည်းတော့ပါဘူး။ လူ၂၀လောက်ပါတဲ့ အုပ်စုတွေ ရန်ဖြစ်ကြတာပါပဲ။ ခုဖြစ်တာမှာတော့ သူတို့ ဘာမှ အကြီးအကျယ်မဖြစ်ကြမီ ထိန်းသိမ်းနိုင်ခဲ့ပါတယ်”ဟု “Baywatch team Patong & Patong development foundation” က ရေးသားထားကြောင်းသိရသည်။
Ref: 100 Myanmar teenagers with knives gather near Patong beach(The Nation)
Photo : Baywatch team patong & patong development foundation, Google Map
Popular News Journal












0 comments:
Post a Comment