စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ခုံသာအုပ်စု၊ ကြက်ဖိနပ် ချောင်းဒေသမှာရှိတဲ့ ထူးဟန်သစ်ကျောက်မီးသွေး တူးဖော်ရေး လုပ်ငန်းခွင်မှာ မေ(၂၇)ရက် ည(၁၀)နာရီဝန်းကျင်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် အလုပ်သမား(၄)ဦးသေဆုံးကာ (၄)ဦး ဒဏ်ရာရခဲ့တယ်လို့ ကလေးမြို့နယ်အုပ်ချုပ်ရေးမှူးဦးညီညီက ပြောပါတယ်။
ကျောက်မီးသွေးတွင်းထဲကို လေပေးထားတဲ့နေရာက မီးစထွက်ပေါ်ခဲ့ပြီး မီသိန်းဓာတ်ငွေ့နဲ့တွေ့ကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဦးညီညီက ပြောပါတယ်။ လက်ရှိအချိန်မှာတော့ ပေါက်ကွဲမှုကြောင့် သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို ကလေးဝဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှု ဖြစ်စဉ်နဲ့ပတ်သက်လို့ ထူးဟန်သစ်ကျောက်မီးသွေးတွင်းကို သတ္တုဥပဒေ အတိုင်း စစ်ဆေးသွားဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကလေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီကပြောပါတယ်။
One News Myanmar
















0 comments:
Post a Comment