Thursday, May 2, 2019

မြန်မာ-လာအို နှစ်နိုင်ငံ တပ်မတော်ထိပ်တန်းခေါင်းဆောင်များတွေ့ဆုံစဉ် ထေရဝါဒဗုဒ္ဓဘာသာ တည်တံ့ ပြန့်ပွားရေး ဆွေးနွေး


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လာအို ပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ Major General Pasith Thiengtham အား မေလ၂ ရက်က နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ပြီး ထေရ၀ါဒဗုဒ္ဓဘာသာ တည်တံ့ပြန့်ပွားရေးနှင့် သာသနာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများပြုလုပ်နိုင်မည့်အခြေအနေကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရသိရသည်။ 
ထေရဝါဒဗုဒ္ဓဘာသာ တည်တံ့ ပြန့်ပွားရေးအတွက် သံဃာတော်များ အပြန် အလှန် သာသနာတော်ထွန်းကားပြန့်ပွား ရေးခရီးစဉ်များ ဆောင်ရွက်နိုင်ရေး မြန်မာနိုင်ငံမှ စာချသံဃာ တော်များ လာအိုနိုင်ငံသို့ ပင့်ဖိတ်နိုင်ရေး၊ သာသနာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင် မည့် အခြေအနေ၊ တို့ကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ 

အဆိုပါတွေ့ဆုံမှုတွင် မြန်မာ-လာအို နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည် ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်နိုင်မှု၊ မြန်မာနိုင်ငံ၏ ပိုင်နက်နယ်မြေကို အခြေပြု၍ အိမ်နီးချင်းနိုင်ငံများ၏ အကျိုးစီးပွားနှင့် တည်ငြိမ်အေးချမ်းမှုကို ထိခိုက်အောင် လုပ်ဆောင်မည့်အဖွဲ့ အစည်း၊ လုပ်ရပ်မှန်သမျှကို လုံးဝခွင့်ပြု မည် မဟုတ်ဘဲ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်နှင့်အညီ ရပ်တည်ဆောင်ရွက် လျက်ရှိ သည့်အခြေအနေ၊ တပ်မတော်အကြီးအကဲများ ချစ်ကြည်ရေးခရီးအပြန်အလှန် သွားရောက်နိုင်မှု၊ မဲခေါင်မြစ် လုံခြုံရေးအပါအဝင် နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေးနှင့် မူးယစ်ဆေးဝါး ကာကွယ်တားဆီး နှိမ်နှင်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှု၊ အကြမ်းဖက်မှုတိုက်ဖျက် ရေးအတွက် နှစ်ဖက်သတင်း ဖလှယ်ရေးကိစ္စရပ်များ၊ ကိုလည်းဆွေးနွေးခဲ့ကြောင်းသိရသည်။ 

ထို့အတူ တပ်မတော်ယဉ်ကျေးမှုအဖွဲ့၊ ဆေးအဖွဲ့၊ အားကစားအဖွဲ့များနှင့် အောက်ခြေ အဆင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန်စေလွှတ်ရေးဆိုင်ရာကိစ္စ ရပ်များနှင့် ရေ တပ်၊ လေတပ်ဆိုင်ရာ နည်းပညာရပ်များ အပြန်အလှန် ဖလှယ်ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

The Ladies News

No comments:

Post a Comment