မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့ နှစ်ဦးနှစ်ဘက်ချုပ်ဆိုထားသည့် မြစ်ဆုံစီမံကိန်းစာချုပ်အား ယနေ့ ( ၂၈-၅-၂၀၁၉ )မှ (၂၈-၆-၂၀၁၉ )အထိ တလအတွင်း နိုင်ငံသားများကို ပွင့်လင်းမြင်သာစွာချပြန်ရန်နှင့်တရားဝင်ကူးယူခွင့်ပြုရန် မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျတ်သိမ်းရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်မှ တောင်းဆိုလိုက်သည်။
ရန်ကုန်မြို့ ၊ ဗိုလ်တစ်ထောင်မြို့နယ် ၊ Orchid ဟိုတယ်တွင်ကျင်းပပြုလုပ်ခဲ့သည် မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျတ်သိမ်းရေးနိုင်ငံလုံးဆိုင်ရာကွန်ရက်၏ သတင်းစာရှုင်းလင်းပွဲ အခမ်းအနားတွင်တောင်းဆိုခဲ့ခြင်းဖြစ်သည်။
အဆိုပါကွန်ရက်သည် မေလ ၂ ရက်က နယ်ပယ်အသီးသီးမှထင်ရှားသူများ ၊ အဖွဲ့အစည်းများဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ အဖွဲ့အစည်းပေါင်း ၅၃ ဖွဲ့ပါဝင်သည့် ကွန်ရက်တခုဖြစ်သည်။















0 comments:
Post a Comment