Thursday, May 2, 2019

မိုးကြိုကာလ လေပြင်းတိုက်ခတ်မှု ကြိုတင်သတိပေးချက်


"မြန်မာနိုင်ငံအရပ်ရပ်တွင် မိုးကြိုကာလဖြစ်သည့် မေလအတွင်း လေထုမငြိမ်မသက်မှု များကြောင့် လည်းကောင်း၊ နေ့အပူချိန်များ တစ်ဖြည်းဖြည်း မြင့်တက်လာရာမှ အပူပျံ တက်တိမ်များ ဖြစ်ထွန်း၍ မွန်းလွဲ/ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းခြင်း ကြောင့်လည်းကောင်း၊ လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်း ရွာခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသည်။ လေပြင်းတိုက်ခတ်စဉ် မြေပြင်/ ရေပြင်လေသည် တစ်နာရီလျှင် (၃၅) မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။" 
သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် မိုးကြိုကာလဖြစ်သည့် မေလအတွင်း ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ အထူးဂရုပြုနေထိုင်သွားကြပါရန် မိုးဇလက ကြိုတင်သတိပေး နှိုးဆော်ထားသည်။ 

The Ladies News

0 comments:

Post a Comment