ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဧပြီ(၃၀)ရက် ည(၁၀)နာရီ ၀န်းကျင်က တရားမ၀င်လိုင်စင်မဲ့မော်တော်ယာဉ်(၂၆)စီးကို ဖမ်းဆီးရမိခဲ့ပါတယ်။
မြစ်ကြီးနားမြို့ရဲ့ လမ်းမပေါ်မှာ နေ့စဉ်မောင်းနှင်နေတဲ့ မော်တော်ယာဉ် အများစုဟာ လိုင်စင်မဲ့မော်တော်ယာဉ်တွေ ဖြစ်ပါတယ်။
အဲဒီလိုင်စင်မဲ့မော်တော်ယာဉ်တွေဟာ မြ၀တီ၊ကော့ကရိတ် အစရှိတဲ့ လမ်းကြောင်းတွေကနေ တရားမ၀င် ၀င်ရောက်လာပြီး မြစ်ကြီးနားမြို့ ဟာ နယ်စပ်မြို့ဖြစ်တာကြောင့် မောင်းနှင် စီးနင်းအသုံးပြုနေကြတာ ဖြစ်ပါတယ်။
အစိုးရသစ်အပြောင်းအလဲမှာ တရားမ၀င် လိုင်စင်မဲ့မော်တော်ယာဉ် ဖမ်းဆီးမှုထဲမှာ အခုဖမ်းဆီးတာ အများဆုံးဖမ်းဆီးတာ ဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိထားတဲ့ တရားမ၀င် မော်တော်ယာဉ်တွေကို အဖွဲ့စုံက စစ်ဆေးအရေးယူ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
သတင်း -- မိုဃ်းကျ(မြစ်ကြီးနား)
One News Myanmar


No comments:
Post a Comment