ဧရာဝတီမြစ်ကမ်းပြိုတာကြောင့် ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်က ကျေးရွာတချို့ စတင်ပြောင်းရွှေ့ နေကြရပါတယ်။
ဧရာဝတီမြစ်ရေစီးက ဝဲပြန်ထိုးပြီးကမ်းပြိုနေတာကြောင့် ကွေးဒေါင့်ကျေးရွာမှာ စတင်ပြောင်းရွှေ့နေကြတာဖြစ်ပြီး လောလောဆယ် လူနေအိမ် တလုံးနဲ့ ဘုန်းတော်ကြီးကျောင်း ကို စတင်ရွှေ့ပြောင်းနေကြတာပါ။
အခုလိုသာကမ်းပါး ဆက်ပြိုနေမယ်ဆိုရင် ရေဦးပေါက်ကာလမှာ အိမ်ခြေ ၄၀ ကျော် ၅၀ လောက်ရွှေ့ပြောင်းရမှာပါ။
ကျေးရွာတာဝန်ခံနဲ့ ရပ်မိရပ်ဖတွေက ကျေးရွာမြေနေရာအတွက် ရှာဖွေဝယ်ယူနေပြီး အိမ်ထောင်စုတစ်ဝက်လောက်က ငွေကြေး အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။
အဆိုပါရွာမှာ ပြီးခဲ့တဲ့နှစ်ကလည်း ကမ်းပါးပြိုလို့ အိမ်ခြေ ၅၀ ကျော် ပြောင်းရွှေ့ခဲ့ကြရပါတယ်။
DVB








0 comments:
Post a Comment