Thursday, May 2, 2019

ဗိုလ်ချုပ် တက်ခဲ့သည့် ကျောင်းနေရာတွင် ကျောင်းသစ် ဆောက်မည်


မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်ရှိ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း တက်ရောက်ခဲ့သည့် အမျိုးသားအထက်တန်းကျောင်း မြေနေရာအတွင်း RC နှစ်ထပ်စာသင်ကျောင်းဆောင်သစ်တစ်ခု ဆောက်လုပ်သွားမည်ဖြစ်ကြောင့် ရေနံချောင်းမဲဆန္ဒနယ်အမှတ်(၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်က ပြောကြားသည်။ 
''ဟုတ်ပါတယ်။ နှစ်ထပ်စာသင်ကျောင်းဆောင်ပါ။ ပညာရေးဝန်ကြီး ဌာန ဘက်ဂျက်နဲ့ဆောက်မှာပါ'' ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်က isee ပြောကြားသည်။
  
ဗိုလ်ချုပ်အောင်ဆန်း ငယ်စဉ်အချိန်တွင် တက်ရောက်ခဲ့သည့် ရေနံချောင်းမြို့၊ ရွှေကြာငုံရပ်ကွက်ရှိ အ.မ.က (၈) ဗိုလ်ချုပ် အောင်ဆန်းကျောင်း (ယခင်အမျိုးသား အထက်တန်းကျောင်းနေရာ) မြေနေရာတွင် စာသင်ကျောင်း ဆောင်သစ်ကို RC အမျိုးစား ၂ ထပ်၊ အလျား ပေ ၁၀၀၊ အနံ ပေ ၃၀ ခန့် ဆောက်လုပ်သွားမည် ဖြစ်ပြီး စာသင်ကျောင်းဆောင်သစ် တည်ဆောက်ရန်အတွက် ပညာရေးဝန်ကြီးဌာနက လက်ရှိ ဘက်ဂျက်တွင် ထည့်သွင်းထားပြီး ငွေကျပ်သိန်း ၁၄၀၀ ခန့် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။ 

ဗိုလ်ချုပ်အောင်ဆန်း ငယ်စဉ်အချိန်တွင် တက်ရောက်ခဲ့သည့် ယခင် အမျိုးသားအထက်တန်းကျောင်းသည် ၁၉၇၉ ခုနှစ်က ဖြစ်ပွားခဲ့သည့် မီးလောင်မှုအတွင်း ပါရှိခဲ့သည့်အတွက် ပညာရေးဝန်ကြီးဌာနက ယင်းနေရာတွင် ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ် အ.မ.က (၈ ) အဖြစ် ပြောင်းလဲပြီးနောက် ဗိုလ်ချုပ်အောင်ဆန်း ရေးသားထားသည့် ပါဠိဘာသာလက်ရေးမူများကို ယခင်လွှတ်တော်သက်တမ်းမှ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဗိုလ်ချုပ် လက်ရေးမူ ပြန်လည် ရရှိရေးကော်မတီသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ 

BNA
Isee Media 

No comments:

Post a Comment