တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ မြို့တော်ခန်းမ အပြင်ဘက်မှာ ဇွန်လ ၂၇ ရက်နေ့က ထောင်ချီတဲ့လူတွေ စုဝေးပြီး အစ္စတန်ဘူလ်မြို့တော်ဝန်သစ် အိခ်ရမ် အိုင်မာမိုဂလူကို ကြိုဆိုထောက်ခံပွဲ ကျင်းပခဲ့ပါတယ်။
အဓိက အတိုက်အခံ ရီပတ်ဘလစ်ကန် ပြည်သူ့ပါတီ (CHP) ရဲ့ ကိုယ်စားလှယ် အိခ်ရမ် အိုင်မာမိုဂလူဟာ အစ္စတန်ဘူလ်မှာ ပြန်ကျင်းပတဲ့ မြို့တော်ဝန် ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ အာဒိုဂန်ရဲ့ အာဏာရ AK ပါတီကို ကျော်လွန်ပြီး ပြတ်ပြတ်သားသား အနိုင်ရခဲ့တာပါ။
အဲဒီရွေးကောက်ပွဲဟာ တူရကီမှာ ၃ လအတွင်း ဒုတိယအကြိမ် ကျင်းပတဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။ မတ်လရွေးကောက်ပွဲက မဲရလဒ်တွေကို ပြန်ဖျက်သိမ်းပြီး အသစ်ပြန်ကျင်းပတာ ဖြစ်ပါတယ်။
ဒါဟာ တူရကီနိုင်ငံရဲ့ ဒီမိုကရေစီစနစ်ကို စမ်းသပ်ပွဲတခုအဖြစ် လေ့လာသူ တော်တော်များများက ရှုမြင်ကြပါတယ်။
အစ္စတန်ဘူလ်မြို့တော်ဝန် ရွေးကောက်ပွဲ ရလဒ်ဟာ ၁၆ နှစ်ကြာ အာဏာချုပ်ကိုင်ထားတဲ့ တူရကီသမ္မတ တေယစ် အာဒိုဂန်အတွက် အကြီးဆုံး ထိုးနှက်ချက်တွေထဲက တချက်ဖြစ်ပေမယ့် အာဒိုဂန်က အိုင်မာမိုဂလူကို ဇွန်လ ၂၃ ရက်နေ့မှာ ဂုဏ်ပြုစကား ပြောခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
DVB

No comments:
Post a Comment