Wednesday, June 26, 2019

အမေရိကန်-အီရန် တင်းမာမှုအဆုံးသတ်ရေး တွေ့ဆုံဆွေးနွေးကြရန် ကုလသမဂ္ဂတိုက်တွန်း


ပင်လယ်ကွေ့ဒေသတွင် တင်းမာမှုများ အဆုံးသတ်ရေးနှင့် တွေ့ဆုံ ဆွေးနွေးအဖြေရှာရန်အတွက် ကုလ သမဂ္ဂလုံခြုံရေးကောင်စီက ဇွန် ၂၄ ရက်တွင် တောင်းဆိုလိုက်သည်။ 
သို့သော် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်အပေါ် နောက်ထပ်အရေးယူပိတ် ဆို့မှုများ ချမှတ်လိုက်သည့်အတွက် အမေရိကန်နှင့် တွေ့ဆုံဆွေးနွေးရေးကို အီရန်ဘက်က ပယ်ချလိုက်သည်။ 
ကူဝိတ်နိုင်ငံက မူကြမ်းရေးဆွဲ ထားပြီး အဖွဲ့ဝင်နိုင်ငံအားလုံး သဘော တူကြသည့်ကြေညာချက်တွင် မကြာသေး မီက ဖြစ်ပွားခဲ့သည့် ရေနံတင်သင်္ဘောများ တိုက်ခိုက်ခံရမှုအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပြစ်တင်ထားပြီး ယင်းလုပ်ဆောင်မှုမှာ ကမ္ဘာ့စွမ်းအင် ဖြန့်ဖြူးရေး၊ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်ခြင်းဖြစ်ကြောင်း ပြောဆိုသည်။ 
ပင်လယ်ကွေ့အရေးနှင့် ပတ် သက်၍ လုံခြုံရေးကောင်စီတွင် နှစ်နာရီ ကြာ တံခါးပိတ်ဆွေးနွေးပြီးနောက် အီရန် ကို ရည်ညွှန်းခြင်းမပြုသော်လည်း နှစ်ဖက် စလုံးအနေဖြင့် စစ်ရေးထိပ်တိုက်တွေ့ဆုံမှု များမှ ရှောင်ရှားကြရန် ကြေညာချက် တစ်ရပ်ထုတ်ပြန်ခဲ့သည်။ 
အီရန်ဘာသာရေးခေါင်းဆောင် ခါမေနီနှင့် အီရန်တပ်မှူး ရှစ်ဦးကို ပစ်မှတ်ထားပြီး အီရန်အပေါ် ဒေါ်နယ် ထရန့်က အရေးယူပိတ်ဆို့မှုအသစ်များ ချမှတ်ပြီးနောက် နာရီအနည်းငယ်အကြာတွင် ကမ္ဘာ့အင်အားကြီး နိုင်ငံများက ယင်းကဲ့သို့ ထုတ်ပြန်တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ 
အမေရိကန်၏ တောင်းဆိုမှု ကြောင့် ပင်လယ်ကွေ့အရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် တံခါးပိတ်အစည်းအဝေး ကျင်းပခဲ့ခြင်းဖြစ်ပြီး အမေရိကန်နှင့် တွေ့ဆုံဆွေး နွေးရန် သင့်တော်သည့်အခြေအနေမျိုး မဟုတ်သေးကြောင်း ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်ကြီးက သတင်းထောက် များအား ပြောဆိုသည်။

The Standard Time Daily

No comments:

Post a Comment