မြန်မာနိုင်ငံအတွင်း ရာသီတုပ်ကွေးရောဂါ A(H1N1) ကြောင့် သေဆုံးသူ(၂၁)ဦးရှိပြီး ရောဂါဖြစ်ပွားသူ (၉၉)ဦးရှိတယ်လို့ ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောပါတယ်။ ဇူလိုင်(၂)ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆရာဝန်များအသင်းမှာ ပြုလုပ်တဲ့ တုပ်ကွေးများ အကြောင်း သိကောင်းစရာ ပညာပေးဟောပြောပွဲမှာ ပြောကြားတာပါ။
ရာသီတုပ်ကွေးရောဂါဟာ မိုးရာသီနဲ့ ရာသီဥတုအကူးအပြောင်းမှာ ဖြစ်ပွားတာဖြစ်ပြီး မစိုးရိမ်ရဘဲ တစ်ကိုယ်ရေ သန့်ရှင်းမှုကို အထူးဂရုစိုက်သင့်တယ်လို့ ရန်ကုန် ပြည်သူ့ဆေးရုံကြီး ကူးစက်ရောဂါဌာနရဲ့ ပါမောက္ခဌာနမှူး ဒေါက်တာ မိုးမိုးစန်းကဆိုပါတယ်။ ရောဂါမဖြစ်ပွားအောင် ကာကွက်ဖို့အတွက် ကျန်းမာရေးဦးစီးဌာနတွေက ထုတ်ပြန်ထားတာတွေကို လိုက်နာဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။ ရောဂါကာကွယ်ဖို့ ကာကွယ်ဆေးတွေ ထိုးကြပေမယ့် ကာကွယ်ဆေးတွေက ရောဂါကို (၁၀၀) ရာခိုင်နှုန်း အပြည့် မကာကွယ်နိုင်သလို နှစ်စဉ် ဆေးထိုးဖို့ လိုအပ်တယ်လို့ ဒေါက်တာ မိုးမိုးစန်း ကပြောပါတယ်။ ဒါကြောင့် ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ လူတိုင်းကာကွယ်ဆေးထိုးဖို့ WHO က အကြံပြုထားတာ မရှိဘူးလို့လည်း ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးဟာ ရာသီတုပ်ကွေး H1N1 အဖြစ်အများဆုံး ဒေသတစ်ခုဖြစ်တယ်လို့လည်း ဒေါက်တာ ခင်ခင်ကြီးကဆိုပါတယ်။
သတင်း- ပိုးဇာဖြူ
One News Myanmar











0 comments:
Post a Comment