ရုရှားနိုင်ငံ ဆာဘီးယားတောင်ပိုင်းက အီရာခုခ်ျဒေသမှာ ရေကြီးလို့ လူ ၁၄ ယောက်သေဆုံးပြီး ၁၃ ယောက် ပျောက်နေတယ်လို့ ရုရှား အရေးပေါ်ကယ်ဆယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၂ ရက်နေ့မှာ ပြောပါတယ်။
ဆိုးရွားတဲ့ ရာသီဥတု အခြေအနေအတွင်း ကလေးငယ် ၄၁ ယောက်အပါအဝင် လူပေါင်း ၁၃၀၀ ကျော် ဒဏ်ရာရခဲ့ကြတယ်လို့ အရေးပေါ်ကယ်ဆယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
ရေကြီးနေတဲ့နေရာမှာ လူအယောက် ၄၀ ကျော် ကျန်နေသေးပြီး ဒေသခံ ၂၅၀၀ ကျော်ကိုတော့ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့တယ်လို့ အဲဒီထုတ်ပြန်ချက်က ပြောပါတယ်။
လက်ရှိမှာတော့ ခန့်မှန်းခြေ ၁၃ ပေကျော်လောက် ရေပြန်ကျသွားပြီး ကယ်ဆယ်ရေး ဝန်ထမ်းတွေက အပျက်အစီးတွေကို ဆက်ရှင်းနေကြပါတယ်။
ဇွန်လ ၂၅ ရက်နေ့မှာ ဆားဘီးယား တောင်ပိုင်းဒေသကို ဆိုင်ကလုန်းမုန်တိုင်းတခု ဝင်ရောက်လာချိန် မိုးများတာကြောင့် မြစ်ရေတွေ လျှံတက်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
ဓာတ်ပုံ – The Siberian Times
DVB







0 comments:
Post a Comment