လူထုဗဟိုပြု စီမံကိန်းလုပ်ငန်းများတွင် လွှတ်တော်အမတ်က စွက်ဖက်သည်ဆိုကာ ကျောက်ကြီးမြို့၊ နတ်သံကွင်း ဒေသခံအချို့က ဆန္ဒထုတ်ဖော်ခဲ့၍ ဦးဆောင်သူနှစ်ဦးကို လွှတ်တော်အမတ်က ရဲစခန်းတွင်အမှုဖွင့်ထားကြောင်း နတ်သံကွင်းနယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ဒေသခံ ၁၃ ဦးခန့်က လူထုဗဟိုပြု စီမံကိန်းလုပ်ငန်းများတွင် လွှတ်တော်အမတ်က ဝင်စွက်ဖက်မှုအလိုမရှိကြောင်း ဆိုင်းဘုတ်ကိုင်ပြီး ဇူလိုင် ၂၃ရက်က နတ်သံကွင်း (၃/ခ)ရပ်၊ ဆရာစံလမ်းပေါ်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်ပြီး ဦးဆောင်သူ ဦးလှသက် (၄၈ နှစ်)နှင့် ဦးညွန့်တင် (၆၁ နှစ်)တို့ကို အမှုဖွင့်ထားခြင်းဖြစ်ကြောင်း ယင်းရဲစခန်းထံမှ သိရှိရသည်။
ဆန္ဒထုတ်ဖော်ခြင်းမဟုတ်ဘဲ တိုင်းလွှတ်တော်အမတ်နှင့်အဖွဲ့က လူထုဗဟိုပြု စီမံကိန်းတာကိုချိုးချမည်ဟုသိရ၍ လူထုက တားမြစ်ခြင်းသာဖြစ်ပြီး ယင်းကိစ္စကို သမ္မတ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ စည်းကမ်းထိန်းရေးနှင့် တိုင်းလွှတ်တော်ဥက္ကဋ္ဌထံ တိုင်ကြားထားကြောင်း အမှုဖွင့်ခံရသည့် ဦးလှသက်က ပြောကြားသည်။
အမှုဖွင့်ထားသည့်ကိစ္စနှင့်ပတ်သက်ပြီး ကျောက်ကြီးမြို့နယ် အမှတ်(၂)မဲဆန္ဒနယ် တိုင်းလွှတ်တော်အမတ် ဦးတင်ဆန်းဦးက ဆန္ဒထုတ်ဖော်သူများအနေဖြင့် ငြိမ်းစုစီဥပဒေအရ ခွင့်ပြုချက်လည်း ရယူထားခြင်းမရှိသောကြောင့် လုပ်ချင်တိုင်းလုပ်မရကြောင်း ပြောကြားသည်။
“ခွင့်ပြုချက်မရှိဘဲ လုပ်ချင်တိုင်းလုပ်လို့ ဘယ်ရမှာလဲဗျာ”ဟု ၎င်းက ပြောကြားသည်။
ဦးဆောင်ဆန္ဒထုတ်ဖော်သူ ဦးလှသက်နှင့် ဦးညွန့်တင်တို့ နှစ်ဦးကို နတ်သံကွင်း နယ်မြေရဲစခန်းတွင် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို အကာအကွယ်ပေးရေးဆိုင်ရာ ဥပဒေပုဒ်မ၁၀ဖြင့် အမှုဖွင့်ထားသည်။
The Voice






0 comments:
Post a Comment