Thursday, July 25, 2019

ဇီးတောဆည်အတွင်း စက်လှေနစ်၍ ၁၅ ဦးသေ၊ ခုနစ်ဦးပျောက်ဆုံး

Image may contain: one or more people, people standing, sky, ocean and outdoor
နွားထိုးကြီးမြို့နယ် ဇီးတောဆည်တွင် မြစ်သားမြို့ နယ် ဟောင်းနွဲ့ကျေးရွာသား ၂၄ ဦးသည် စက်လှေဖြင့် မလှိုင်မြို့နယ် ချင်းလျားရွာ ဗောဓိသစ္စာရေလယ်တောရ ကျောင်းသို့အသွား စက်လှေနစ်၍ ကျေးရွာသား အမျိုးသား ငါးဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၁၅ ဦး ရေနစ်သေဆုံးပြီး အမျိုးသားတစ်ဦး၊ အမျိုးသမီး ခုနစ်ဦး စုစုပေါင်းရှစ်ဦး ဆယ်ယူရရှိသည်။ အမျိုးသား သုံးဦး၊ အမျိုးသမီး လေးဦး စုစုပေါင်း ခုနစ်ဦး ပျောက်ဆုံးနေကြောင်း ကနဦးသတင်း များအရ သိရသည်။

ဇူလိုင် ၂၄ ရက် နံနက် ၈ နာရီခွဲက စက်လှေနစ်မြုပ် ကြောင်း သတင်းအရ နွားထိုးကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ငြိမ်း၊ မီးသတ်စခန်းမှူး ဦးကျော်ဇင်လင်း၊ မီးသတ် တပ်ဖွဲ့ဝင် ၁၁ ဦးနှင့် ပြင်စည်ရွာ၊ ဒိုင်းလည်ရွာ၊ မြကန်သာရွာတို့မှ လှေ ၁၃ စင်း၊ ပရဟိတအသင်းအဖွဲ့၂၀ က ပျောက်နေသူ ခုနစ်ဦးကိုရှာဖွေလျက်ရှိသည်။
ဖြစ်စဉ်မှာ ဘုန်းကြီးကျောင်းသား ကျော်ဝင်းနိုင်မောင်းသော စက်လှေဖြင့် ဗောဓိသစ္စာရေလည်တောရကျောင်းသို့ မြစ်သားမြို့နယ် ဟောင်းနွဲ့ရွာသား ၂၄ ဦးက ဘုရားအနေကဇာတင်ပွဲအသွား စက်လှေနစ်ခြင်း ဖြစ်သည်။ ဇီးတောဆည်မှာ နွားထိုးကြီးမြို့နယ်အတွင်းရှိပြီး ၀မ်းတွင်း၊ မလှိုင် သုံးမြို့နယ်အစပ်တွင်ရှိသော ဆည်ကြီးဖြစ်သည်။

သတင်း - ဌေးမြင့်မောင်

0 comments:

Post a Comment