Wednesday, July 3, 2019

ပြည်သူ့ပါတီ၏ ၂၀၂၀ အတွက် လူရွေးချယ်မှု ယခုနှစ်ကုန်တွင် ထုတ်ပြန်မည်




၈၈ မျိုးဆက် ကျောင်းသားအများစုဖြင့် ဖွဲ့စည်းထားသော ပြည်သူ့ပါတီအနေဖြင့် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ တွင် ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ နှင့် မဲဆန္ဒနယ် များကို ယခုနှစ်ကုန်ပိုင်းတွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ပြည်သူ့ပါတီ အတွင်းရေးမှူးဖြစ်သူ ဦးရဲနိုင်အောင်က ပြောသည်။ 
လက်ရှိတွင် ကိုယ်စားလှယ်လောင်းများရွေးချယ် မှု နှင့် ပါတီကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့် သူများကိုရွေးချယ်လျက်ရှိကြောင်း သတင်းများထွက်ပေါ်နေသည့်အပေါ်တွင် ၎င်းင်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ 
" အခုက နောက် ၆ လောက်တော့လိုနေသေးတယ် ။မဲဆန္ဒနယ် ရွေးချယ်မှုနဲ့ လူရွေးချယ်မှုက ၂၀၁၉ အကုန်လောက်မှပဲ သတင်းထုတ်နိုင်မှာပါ ဒီထက်တော့ မစောပါဘူး " ဟု အတွင်းရေးမှူးဦးရဲနိုင်အောင်က ပြောသည်။ 
ပြည်သူပါတီ အနေဖြင့် လူရွေးချယ်ရာတွင်လည်း ပြည်သူလူထုအကျိုးထမ်းဆောင်မည့် အရည်အချင်းအပေါ်တွင် မူတည်၍သာ ကိုယ်စားလှယ်လောင်းရွေးချယ်မှုကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ 
" ယျေဘူရအားဖြင့်က ဘယ်သူရယ်၊ ဘယ်ဝါရယ်ကြောင့်တော့မဟုတ်ဘူး။ ပြည်သူလူထုအကျိုးကိုဆောင်ရွက်နိုင်တဲ့အရည်အချင်းရှိမယ် ။သူတို့လည်း ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စိတ်ဝင်စားတယ်ဆိုရင် ကျွန်တော်တို့က ကမ်းလှမ်းမှာပဲ" ဟု ကိုရဲနိုင်အောင်က ပြောသည်။ 
ပြီးခဲ့သည့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူပါတီအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ကြိုးစားခဲ့သော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် ပါတီမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ကြန့်ကြာခြင်းကြောင့် ယင်းကြားဖြတ်ရွေးကောက်ပွဲဝင်ပြိုင်နိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။ 
နိုင်နိုင်း
Isee Media 




No comments:

Post a Comment