
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံကြိုဆိုပွဲကို မိတ္ထီလာမြို့ရှိ ဒီမိုကရေစီလိုလားသူများနှင့် ပြည်သူ ၃၀၀၀ ခန့်က ဇူလိုင် ၂၈ ရက် ညနေ ၃ နာရီတွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူများက မိတ္ထီလာမြို့ အောင်မင်္ဂလာ ထီးသုံးဆင့်ဘုရားဝင်း၌ စုရပ်ပြုလုပ်ကာ နာရီစင်လမ်း၊ မိတ္ထီလာ ဈေး အနောက်လမ်း၊ လွတ်လပ်ရေးပန်းခြံအထိ ချီတက်ကာ ဟောပြောပွဲများပြုလုပ်ခဲ့ကြောင်း သိရသည်။
'၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြင်ဆင်သင့်တဲ့အတွက် ကျွန်တော်တို့ ဆန္ဒထုတ်ဖော်တာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ က ပြည်သူတွေရဲ့သဘောဆန္ဒမပါဘဲနဲ့ ရေးဆွဲထားတာဖြစ်တယ်။ ကျွန်တော်တို့လည်းမကြိုက်ဘူး။ လက်ရှိသွားနေတဲ့ ဒီမိုကရေစီလမ်းကြောင်းနဲ့လည်း ကိုက်ညီမှုမရှိဘူး။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက် ထောက်ခံကြိုဆိုပွဲပြုလုပ်ရတာဖြစ်တယ်'ဟု ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူ ဦးအောင် ဇော်မင်းက ပြောဆိုသည်။ အဆိုပါဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူများက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို လုံးဝထောက်ခံသည်၊ ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲ ဆုံးဖြတ်မည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ထောက်ခံကြိုဆိုသည်ဟူသော ဆိုင်းဘုတ် များ ကိုင်ဆောင်ကာ ကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြပြီး ညနေ ၆ နာရီတွင် ဆန္ဒထုတ်ဖော်ပွဲပြီးဆုံးခဲ့ကြောင်း သိရသည်။
သတင်း - နောင်လေး
ဓာတ်ပုံ - Aung Zaw Min FB
No comments:
Post a Comment