Tuesday, July 2, 2019

ကယ်လီဖိုးနီးယား ဖေ့စ်ဘွတ်ခ်ကုမ္ပဏီရုံးမှ လူ ၂ ဦး အာရုံကြောအဆိပ်ဖြင့် တိုက်ခိုက်ခံခဲ့ရဖွယ်ရှိ


အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆီလီကွန် ဗယ်လီဒေသက Facebook ကုမ္ပဏီရုံးတခုမှာ လူ ၂ ယောက် ဆာရင်း အာရုံကြောအဆိပ်နဲ့ တိုက်ခိုက်ခံခဲ့ရဖွယ်ရှိတာကြောင့် ရုံးထဲက လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရတယ်လို့ မီးသတ်အရာရှိတဦးက ဇူလိုင် ၁ ရက်နေ့မှာ ပြောပါတယ်။
ဆန်ဖရန်စစ္စကိုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ပြည်ထောင်စု ဗျူရိုအဖွဲ့က အေးဂျင့်တွေဟာ အခင်းဖြစ်တဲ့နေရာကို ရောက်လာခဲ့ကြတယ်လို့ ဗျူရိုအဖွဲ့ ပြောခွင့်ရ အရာရှိတယောက်က ပြောပါတယ်။

Facebook ကုမ္ပဏီရဲ့ ကိုယ်စားလှယ်တွေကတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောကြားတာ မရှိသေးပါဘူး။

အာရုံကြော စနစ်ကို ပျက်စီးစေတဲ့ ဆာရင်းအဆိပ်ဟာ ဓာတုလက်နက်တွေမှာ သုံးလေ့ရှိတဲ့ အဆိပ်တမျိုးဖြစ်ပြီး ဒုတိယ ကမ္ဘာစစ်အတွင်း ဂျာမနီက တီထွင်ခဲ့တာပါ။

DVB



No comments:

Post a Comment