ဟောင်ကောင်ပါလီမန်ကို ဆန္ဒပြသမားများ ဝင်ရောက်လာပြီး ဖျက်လို့ဖျက်ဆီးလုပ်ခြင်းသည် တရားဥပဒေ စိုးမိုးရေးကို နင်းချေသည့် လုပ်ရပ်ဖြစ်သည်ဟု တရုတ်အစိုးရက ဝေဖန်စွပ်စွဲလိုက်သည်။
ဟောင်ကောင်ရှိ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများမှ ခွဲထွက်လာသော လူအုပ်စုတစ်စုသည် ပါလီမန်ရှိ ဥပဒေပြုရေး ကောင်စီ အဆောက်အဦကို အချိန်အတန်ကြာအောင် စီးနင်းထားခဲ့သည်။
ရာပေါင်းများစွာသော ရဲများရောက်လာပြီး အဆောက်အဦကို ရှင်းလင်းကြလေရာ မျက်ရည်ယိုဗုံးများပင် အသုံးပြုခဲ့ကြသည်။
အကြမ်းဖက်ပြီး ဝင်ရောက် စီးနင်းကြသူများကို ရာဇဝတ်ကြောင်းအရ အရေးယူရန် စုံစမ်းစစ်ဆေးသင့်သည်ဟု ဘေဂျင်း တရုတ်အစိုးရက တိုက်တွန်းထားသည်။
ယခင် ဗြိတိန်နယ်မြေ ဖြစ်ခဲ့သော ဟောင်ကောင်သည် တရုတ်လက်အောက်ခံဖြစ်ပြီး “တစ်နိုင်ငံ၊ စနစ်နှစ်မျိုး” မူဝါဒဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတိုင်းအတာတစ်ခုအထိ ပေးထားသည်။
ဟောင်ကောင်ရှိ တရားခံများကို တရုတ်သို့ လွှဲပြောင်းရယူရေး ဥပဒေကြမ်းကို မကျေနပ်သဖြင့် ပြည်သူများ အုံလိုက်ကျင်းလိုက် ဆန္ဒပြနေကြမှုအတွင်း ယခုလို ပါလီမန်အား ဝင်စီးသည့် အုပ်စုသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။
The Voice

No comments:
Post a Comment