
မြောက်ကိုရီးယားနိုင်ငံဟာ ဇူလိုင် ၂၅ ရက် အစောပိုင်းက နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းမှာ တာတိုပစ် ဒုံးကျည်နှစ်စင်း စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။
ဒါဟာ ကြန့်ကြာနေတဲ့ နျူကလီးယား ဆွေးနွေးပွဲတွေကို ပြန်အသက်သွင်းဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အကြား သဘောတူညီမှု ရပြီးကတည်းက မြောက်ကိုရီးယားရဲ့ ပထမဆုံး ဒုံးကျည်စမ်းသပ်မှုပါ။
မြောက်ကိုရီးယားနိုင်ငံ အရှေ့ဘက်က ဝမ်ဆန်မြို့နားမှာ တာတိုပစ် ဒုံးကျည်နှစ်စင်းကို ပစ်ခတ်ခဲ့တာပါ။
အဲဒီဒုံးကျည်တွေဟာ အမြင့်မိုင် ၃၀ နဲ့ အကွာအဝေး ၂၆၇ မိုင်အထိ ပျံသန်းခဲ့ပြီးနောက် အရှေ့ပင်လယ်ပြင်ထဲကို ကျသွားခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။
မြောက်ကိုရီးယားအနေနဲ့ စစ်ရေးတင်းမာမှုတွေကို အထောက်အကူမပြုတဲ့ လုပ်ရပ်တွေ ရပ်ဖို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းတယ်လို့ ဝန်ကြီးဌာန ပြောခွင့်ရ ချွဲဟွန်ဆိုက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ မေလကလည်း တာတိုပစ် ဒုံးကျည်နှစ်စင်းနဲ့ အသေးစား ဒုံးကျည်တွေ ပစ်ခတ် စမ်းသပ်ခဲ့ပါသေးတယ်။
DVB






0 comments:
Post a Comment