Thursday, July 25, 2019

မောင်တောမြို့နယ်၊ ငါးစားကြူးကျေးရွာအနီး၌ ဘင်္ဂါလီတစ်ဦးအား ဖမ်းဆီးရမိ

Image may contain: text
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ရေမျက်တောင်ကျေးရွာနေ ဦးကျော်ကျော် (ဘ)ဦးချစ်ရင် အပါအဝင် လေးဦးသည် ဇူလိုင်၂၁ ရက် ညနေ ၄ နာရီခွဲခန့်တွင် ၄င်း၏လောင်းလှေပျောက်ဆုံးသဖြင့် လိုက်လံရှာဖွေစဉ် အဆိုပါကျေးရွာ၏ အရှေ့မြောက်ဘက်မီတာ ၈ဝဝ ခန့်အကွာသို့အရောက်၌ ပုစွန်ကန်အနီးတဲအတွင်း မသင်္ကာဖွယ် ဘင်္ဂါလီလေးဦး အားတွေ့ရှိသဖြင့်ခေါ်ယူရာ အဖြူရောင် ပလတ်စတစ်အိတ်တစ်လုံး ကိုင်ဆောင်၍ တဲပေါ်မှချောင်းအတွင်းသို့ ထွက်ပြေးသွားသည်။ ထို့နောက် လိုက်လံကြည့်ရှုရာ ချောင်းစပ်အနီး မသင်္ကာဖွယ်အဝါနုရောင် အိတ်တစ်လုံး တွေ့ရှိခဲ့သည်။

အဆိုပါအိတ်အားရှာဖွေရာ အိတ်အတွင်းမှ လုပ်သေနတ် တစ်လက်၊ Noble-12 Sport တံဆိပ်ပါအနီရောင်ကျည် နှစ်တောင့်၊ Sperling-12 တံဆိပ်ပါအစိမ်းရောင်ကျည် တစ်တောင့်၊ ဘင်္ဂလားဒေ့ရှ်ဆင်းကတ် တစ်ကတ်၊ MPT ဆင်းကတ် နှစ်ကတ်နှင့် ဓာတ်မီး တစ်လက် တို့ကိုတွေ့ ရှိသဖြင့် ညနေပိုင်းတွင် ငါးခူရနယ်မြေရဲစခန်းသို့ သွားရောက် အပ်နှံခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များက ဘင်္ဂါလီများ ထွက်ပြေးသွားသည့် နေရာသို့ လိုက်လံစစ်ဆေးရှာဖွေစဉ် ညနေ ၅ နာရီခွဲခန့်တွင် ငါးစားကြူးကျေးရွာ၏ မြောက်ဘက် မီတာ ၅၀၀ ခန့်အကွာရှိ ချုံပုတ်အတွင်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ထန်ခါလီဒုက္ခသည်စခန်းနေသူ ရာဇီနာဘတ် (ဘ) ကာလူးအား အရိုး ၆ လက်မ၊ အသွား ၁၂ လက်မခန့်ရှိ ဓားချွန် တစ်ချောင်းနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိ ဘင်္ဂါလီတစ်ဦးအား ငါးခူရနယ်မြေရဲစခန်းမှ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

Credit - တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News

0 comments:

Post a Comment