Monday, July 1, 2019

ဒေါက်တာလဲ့လဲ့မော်၏ အာမခံလျှောက်ထားမှု ထပ်မံပယ်ချခံရ


ဒေါက်တာလဲ့လဲ့မော် ၏ ဒုတိယအကြိမ်ကျန်းမာရေး အာမခံလျှောက်ထားမှုကို တနင်္သာရီတိုင်းတရားလွှတ်တော် တရားသူကြီးက ထပ်မံပယ်ချသည်။ 
အဂတိအမှုဖြင့် ထားဝယ်အ ကျဉ်းထောင်အတွင်း ထိန်းသိမ်းခံ နေရသော ဒေါက်တာလဲ့လဲ့မော် သည် ကင်ဆာရောဂါခံစားနေရ ခြင်း၊ ထောင်တွင်းချော်လဲရာမှ ခြေဆစ်အတွင်းထည့်ထားသည့် စတီးရိုးမူလီပြုတ်ထွက်သဖြင့် နာကျင်ခံစားနေရခြင်းတို့ကြောင့် အချုပ်လွတ်အာမခံပေးရန် ၎င်း ၏ အကျိုးဆောင်ရှေ့နေများက ဇွန်လ ၁၇ ရက်ရုံးချိန်း၌ တရားသူ ကြီးထံလျှောက်ထားခဲ့ခြင်းဖြစ် သည်။ 
ယင်းသို့အာမခံလျှောက် ထားမှုနှင့် ပတ်သက်၍ ဇွန်လ ၂၅ ရက်ရုံးချိန်းတရားခွင်သို့ ထားဝယ် ပြည်သူ့ဆေးရုံကြီးမှ သက်ဆိုင် ရာ ဆရာဝန်ကြီးနှစ်ဦးကိုဆင့်ခေါ် ကာ ဒေါက်တာလဲ့လဲ့မော်၏ကျန်း မာရေးအခြေအနေဆေးစစ်ချက် ကို တရားသူကြီးက ကြားနာခဲ့ သည်။ 
ဆရာဝန်ကြီး နှစ်ဦးကလည်း ဒေါက်တာလဲ့လဲ့မော်၏ ဘယ် ဘက်ရင်သားနှင့် ချိုင်းအောက် တွင် အကျိတ်များထွက်နေခြင်း၊ ယခင်ခြေဆစ်တွင် ထည့်ထား သည့် စတီးရိုး၌အရေးပါသည့် မူလီတစ်လုံးပြုတ်ထွက်နေခြင်း တို့စစ်ဆေးတွေ့ရှိရပြီး သေချာ စွာခွဲစိတ် ကုသရန်လိုအပ်သည်ဟု ထွက်ဆိုခဲ့ကြောင်း ဒေါက်တာလဲ့ လဲ့မော်၏ အကျိုးဆောင်ရှေ့နေဦး နိုင်လင်းထွန်းကပြောသည်။ 
‘‘တရားသူကြီးရဲ့ အာမခံ ပယ်လိုက်တဲ့အခါကျတော့ သူမိ သားစုနဲ့ တိုင်ပင်ပြီးဘယ်လိုမျိုး ဆေးဝါးကုသမှု၊ ဘယ်လိုမျိုးထပ် ပြီးလုပ်မလဲဆိုတာတော့ မတိုင် ပင်ရသေးဘူး။ အကောင်းဆုံးဖြစ် အောင်တော့လုပ်ရမှာပေါ့’’ ဟု ၎င်းကဆိုသည်။ အာမခံပယ် ချခံရခြင်း အကြောင်းရင်းစီရင် ချက်မိတ္တူ နှင့်ပတ်သက်၍ ကူး ထားပြီးမိတ္တူရရှိမှသာ အသေး စိတ်သိရမည်ဟု ဦးနိုင်လင်းထွန်း ကပြောသည်။ 
လက်ရှိတွင် ဒေါက်တာလဲ့ လဲ့မော်သည် ခြေထောက်နာကျင် နေသဖြင့် လမ်းကောင်းကောင်းမ လျှောက်နိုင်ကြောင်း ဦးနိုင်လင်း ထွန်းကဆက်လက်ပြောသည်။ 
ဇူလိုင် ၁ ရက်ရုံးချိန်တွင် ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီထိပ်တန်းတာဝန်ရှိသူသုံး ဦးအပေါ် တရားစွဲထားသည့် အမှု လေးမှုနှင့်ပတ်သက်၍ တရားလို ပြသက်သေဖြစ်သူ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမြင့်ကို နှစ်ဖက်ရှေ့နေ များက အပြန်အလှန်စစ်မေးခဲ့ သည်။ 
အဂတိကော်မရှင်က စွဲဆို ထားသည့် အမှုလေးမှုအနက် ကျန်ရှိသည့်အမှုတွဲတစ်မှုနှင့် ပတ် သက်၍ ယနေ့ရုံးချိန်းတွင် ပြည် ထောင်စုစာရင်းစစ်ချုပ်ရုံးညွှန် ကြားရေးမှူးဒေါ်စန်းစန်းမြင့်ကို ထပ်မံစစ်ဆေးမည်ဖြစ်သည်။ 
ပြီးခဲ့သည့် ရုံးချိန်းအတွင်း အမှုနှင့် ပတ်သက်သောတရားလို ပြ သက်သေများဖြစ်သည့် တနင်္သာရီတိုင်းလျှပ်စစ် ဒုတိယ အင်ဂျင်နီယာချုပ်နှင့် သရက် ချောင်းမြို့နယ်မြေစာရင်းဦးစီးမှူး တို့ကို နှစ်ဖက်ရှေ့နေများက စစ် မေးခဲ့ပြီးဖြစ်သည်။ 

7Day

0 comments:

Post a Comment