
မြန်မာနိုင်ငံဘက်ခြမ်းကနေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို မှောင်ခိုတင်ပို့တဲ့ စိတ်ကြွမူးယစ်ဆေးဝါး အပြား ၅ သန်းကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
မယ်ဖာလန် ဒေသ ရဲတပ်ဖွဲ့ဟာ နယ်စပ်ဒေသမှာကင်းလှည့်ချိန်အတွင်း စိတ်ကြွဆေးပြားတွေကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ကြောင်း၊ မြန်မာဘက်ခြမ်းကနေ ထိုင်းချင်းမိုင်ဘက်ကို နံနက် ၃ နာရီလောက်မှာ ပစ်ကပ်ကားနဲ့ မှောင်ခိုတင်ပို့တာဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
ထိုင်း ရဲတပ်ဖွဲ့ဟာ ကားကို ရပ်တန်ခိုင်းချိန်မှာ ကားပေါ်ပါလာသူ နှစ်ဦးက ကားမောင်းထွက်ပြေးခဲ့ပြီး ကားနောက်ကို ရဲတပ်ဖွဲ့က လိုက်ဖမ်းချိန်မှာ ကားပေါ်လာသူ နှစ်ဦးက ကားကို ထားကာ တောထဲ ထွက်ပြေးသွားခဲ့ကြောင်း၊ ၄င်းတို့ ထားရစ်ခဲ့သော ကားအတွင်းမှ စိတ်ကြွဆေးပြားများ သိမ်းဆည်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ဆိုပါတယ်။
ကားအတွင်းက စိတ်ကြွဆေးပြား အပြား ၅ သန်းကျော်ထည့်ထားတဲ့ အိတ်ပေါင်း ၃၀ ကျော် တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း သိရပါတယ်။
ထိုင်းရဲတပ်ဖွဲ့ ဟာ ထိုင်း-မြန်မာနယ်စပ်ဒေသမှာ ကင်းလှည့်ကာ မူးယစ်ဆေးဝါး မှောင်ခိုတင်ပို့မှုများနဲ့ လူမှောင်ခိုတင်ပို့မှုများကို ဖမ်းဆီးရှာဖွေနေကြောင်း သိရပါတယ်။
မိုးကျော်






0 comments:
Post a Comment