
ရန်ကုန်တိုင်းဒေသကြီးအတွင်း တက္ကသိုလ်ကျောင်းသားများ အတွက် နည်းပညာဆိုင်ရာ ပြိုင်ပွဲများ ကျင်းပနိုင်ရေး ကိစ္စများကို သြဂုတ် ၅ ရက်က ဆွေးနွေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က သတင်းထုတ်ပြန်သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးသည် Amazon Web Services (AWS) မှ တာဝန်ရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးရာတွင် ယင်းအချက်ကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
အဆိုပါတွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ Data Bank တည်ဆောက်ရေးဆိုင်ရာ ကိစ္စများ၊ တိုင်းဒေသကြီးအတွင်းရှိ အစိုးရဝန်ထမ်းများအား လိုအပ်သော နည်းပညာသင်တန်းများ ပံ့ပိုးပေးမည့် ကိစ္စများ၊ Yangon Innovation Center (YIC)နှင့် ပူးပေါင်း၍ တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်ကျောင်းသားများ အတွက် နည်းပညာဆိုင်ရာ ပြိုင်ပွဲများ ကျင်းပနိုင်ရေး ကိစ္စများအား ဆွေးနွေးခဲ့ကြကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ က သတင်းထုတ်ပြန်ခဲ့သည်။
The Ladies News
No comments:
Post a Comment