Tuesday, August 6, 2019

နေပြည်တော်တွင် ကျပ်သိန်းကိုးထောင်ကျော်ဖိုးရှိ ဘိန်းဖြူများကို စံချိန်တင်ဖမ်းမိ

အုပ်ချုပ်ရေးမြို့ တော် နေပြည်တော် ဘောဂသီရိ  ကားဝင်းတွင် ဆောက်လုပ်ရေး ၀န်ကြီးဌာနတံဆိပ်ပါယာဉ်တစ် စီးပေါ်မှ တန်ဖိုးကျပ် သိန်းကိုး ထောင်ကျော်ဖိုးရှိ  ဘိန်းဖြူ ၃၁ ကီလိုခန့်ကို ယမန်နေ့က ဖမ်းဆီးရမိခဲ့သည်။

‘‘လက်ရှိအနေအထားအရ နေပြည်တော်မှာ မိတာအများဆုံး ပမာဏပဲ’’ ဟု ပျဉ်းမနားမြို့မရဲ စခန်းဒုရဲအုပ်သက်နိုင်ဦးက ပြောသည်။
ဩဂုတ် ၅ ရက် နေ့လယ်က  အဆိုပါကားဝင်းအတွင်းရှိ ကား ၀ပ်ရှော့တစ်ခုတွင် ဆောက်လုပ် ရေးဝန်ကြီးဌာန တံဆိပ်ပါ Landcruiser အဖြူရောင်ကို စက် သုံးဆီဖြည့်တင်းရာ သတ်မှတ် ပမာဏအောက် လျော့နည်းနေသ ဖြင့် ဆီတိုင်ကီအားပြုပြင်ရန် စစ် ဆေးရာမှတစ်ဆင့် ထိုသို့ ဖော် ထုတ်ရမိခြင်းဖြစ်ကြောင်း ရဲမှတ် တမ်းက ဆိုသည်။
ဆီတိုင်ကီကို သံဂဟေဖြင့် ကန့်ထားသည်ကိုတွေ့ရပြီး တစ် ခြမ်းတွင် ဘိန်းဖြူဟု ထင်ရသည့်  ပစ္စည်းများ တွေ့ရှိခဲ့ကြောင်း ရဲ မှတ်တမ်းတွင် ဖော်ပြထားသည်။
အဆိုပါ ယာဉ်ကို မောင်းနှင် သူသည် အသက်(၄၉)နှစ်အရွယ် အမျိုးသားဖြစ်ပြီး ဆောက်လုပ် ရေးဝန်ကြီးဌာန၌  ယာဉ်မောင်း (၅)အဆင့်ဖြင့်  တာဝန်ထမ်း ဆောင်နေကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ဖမ်းဆီးရမိခဲ့သည့် ယာဉ် သည် ရှမ်းပြည်နယ်မြောက်ပိုင်းရဲ တပ်ဖွဲ့ ကွတ်ခိုင်မြို့မရဲစခန်းက မူး/စိတ် ပုဒ်မဖြင့် ၂၀၁၈ အတွင်း က သိမ်းဆည်းထားသည့်ယာဉ် ဖြစ်ကြောင်း၊ ဘဏ္ဍာသိမ်းယာဉ် အဖြစ် လွန်ခဲ့သော ငါးရက်ခန့်က မှ  ဆောက်လုပ်ရေးဝန်ကြီးဌာနသို့  သုံးစွဲရန် ခွင့်ပြုထားခြင်းဖြစ် ကြောင်း ရဲတပ်ဖွဲ့က အတည်ပြု သည်။
‘‘သူ့ကို ဖမ်းဆီးတဲ့အချိန်က အမှုနဲ့ ဖမ်းဆီးတဲ့ယာဉ်ဖြစ်တယ်’’ ဟု ဒုရဲအုပ်သက်နိုင်ဦးက ပြော ကြားသည်။
ထို့ကြောင့် နေပြည်တော် တွင် ယမန်နေ့က သိမ်းဆည်းရမိ သည့် မူးယစ်ဆေးများအတွက်  ကွတ်ခိုင်မြို့မရဲစခန်း၌ ယခင်က တည်းက မူးယစ်ဆေးပုဒ်မဖြင့်  ဖမ်းဆီးခံထားရပြီးဖြစ်သူ မူလ ယာဉ်ပိုင်ရှင်ကို ပျဉ်းမနားမြို့နယ် ရဲစခန်းက မူး၊စိတ်ပုဒ်မ ၁၉(က) ဖြင့် ထပ်မံအမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့က အတည်ပြုသည်။

7Day

0 comments:

Post a Comment