
ထိုင်းနိုင်ငံ Lampang ပြည်နယ်အတွင်း Ko Kha ခရိုင်ထဲမှာ အခုလ (၆)ရက်နေ့အစောပိုင်းက Chiang Rai မြို့ကိုသွားနေတဲ့ ဗန်ကားတစ်စီးဟာ လမ်းချော်သွားပြီး၊ လမ်းဘေးသစ်ပင်ကို ၀င်တိုက်ခဲ့တာကြောင့် ကားပေါ်မှာလိုက်ပါလာတဲ့ မြန်မာလုပ်သား (၂)ဦးသေဆုံးခဲ့ပြီး၊ (၈)ဦး ဒဏ်ရာရသွားခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာဖော်ပြထားပါတယ်။
ဒဏ်ရာရသွားသူတွေဟာ ယာဉ်မောင်းနဲ့ မြန်မာလုပ်သား (၇)ဦး စုစုပေါင်း(၈)ဦးဖြစ်ပါတယ်။သေဆုံးသွားတဲ့ မြန်မာလုပ်သား (၂)ဦးဟာ မောင်ငို(၄၉-နှစ်) နဲ့ မျိုးနိုင်(၄၄-နှစ်)တို့ ဖြစ်ကြပါတယ်။ ဒဏ်ရာရသွားတဲ့ မြန်မာလုပ်သား (၇)ဦးဟာ အမျိုးသား(၆)ဦးနဲ့ အမျိုးသမီး(၁)ဦးတို့ ဖြစ်ကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ယာဉ်မောင်းအိပ်ငိုက်ပြီး လမ်းဘေးသစ်ပင်ကို ၀င်တိုက်မိတာဖြစ်တယ်လို့လည်း ဆိုပါတယ်။အခင်းဖြစ်ပွားရာနေရာဟာ Phahol Yothin လမ်းမပေါ်မှာဖြစ်ပြီး၊ ကီလိုမီတာမှတ်တိုင် ၆၈၁ နဲ့ ၆၈၂ အနီးမှာဖြစ်ပါတယ်။ အခင်းဖြစ်ပွားချိန်ကတော့ မနက် ၄ နာရီဝန်းကျင်ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

Translated by: Pyae Sone
source photo : bangkok post
One News Myanmar






0 comments:
Post a Comment